Ch- 91 : စုံစမ်းစစ်ဆေးခြင်း။

193 23 0
                                    


Ch- 91 : စုံစမ်းစစ်ဆေးခြင်း။

"ဒီမှာ အဓိပ္ပာယ်မရှိတာတွေမပြောနဲ့၊ ရဲစခန်းမှာ ငါတို့ အရမ်းအလုပ်များနေကြတာ၊ ကိစ္စမရှိရင် စောစောပြန်သင့်တယ်" ဖန်ကျင်းက လင်းကျားဆီက အိတ်ကို ယူ၍ ယင်ထောင်ကို ပြောလေသည်။ "ငါနဲ့အတူရဲစခန်းကို လိုက်ခဲ့ဦး၊ ပိုင်လော်နဲ့ရှကျင်းတို့ ယူလာခဲ့တဲ့ အချက်အလက်တွေကို ငါ မင်းကို တစ်ချက်လောက် ကြည့်စေချင်သေးတယ်။"

"ဟမ်?" ဖန်ကျင်းက သူ့ကို သိသိသာသာ လျစ်လျူရှုခဲ့တာကို မြင်လိုက်ရတော့ လင်းကျားက ဒေါသတကြီးပြောလာသည်။ "ညီမလေးရှောင်ထောင် က စုံထောက်မဟုတ်ဘူး၊ ဘာအချက်အလက်မို့လို့ သူမ ဖတ်ကြည့်ဖို့ လိုအပ်တာလဲ?"

"ရဲစခန်းမှာ အလုပ်က အရမ်းများတယ်။ တစ်ယောက်နဲ့တစ်ယောက် ကူညီတာက ပုံမှန်ပါပဲ။" ဖန်ကျင်း သည် လင်းကျား ရှင်းပြရန် စိတ်မ၀င်စားနိုင်ပေ။ သူ လှည့်ထွက်ခါနီးမှာ လင်းကျားက သူ့ကိုတားသည်။

"အမှုအသစ်လား?" ဖန်ကျင်း နောက်ပြောင်နေပုံမပေါ်တာကို မြင်လိုက်ရတဲ့အခါ လင်းကျားက လေးနက်တဲ့လေသံနဲ့ မေးလိုက်တယ်။

"မူးယစ်ဆေးအမှု၊ ပျောက်ဆုံးအမှု၊ တစ်စစီအမှု၊ အလောင်းကို စွန့်ပစ်ခြင်းအမှု..." ဖန်ကျင်း သည် အားကိုးရာမဲ့ သက်ပြင်းချကာ ဖြည်းညှင်းစွာပြောပြသည်။ "မကြာသေးမီက ဒီမြို့ မငြိမ်းချမ်းသေးဘူး"

"ဖန်ကျင်း မင်းမှာ ကိုနန်ရဲ့ကိုယ်လုံးကိုယ်ပေါက်မျိုးရှိမယ်လို့ ငါမထင်ထားဘူး၊ မင်း မြို့တော် A ကို ပြောင်းရွှေ့ပြီးမှ ဒီအမှုတွေဖြစ်လာတာမဟုတ်လား?" လင်းကျားသည် စကားဆုံးအောင်ပြောပြီးနောက် ဖန်ကျင်းက သူ့အား စိုက်ကြည့်နေတာ သိလိုက်သည်။ သူက ခြောက်ကပ်ကပ်ရယ်၍ ပြောလာသည်။ "မကြာသေးခင် မြို့တော်A မှာ ကိစ္စအများကြီးဖြစ်ပျက်ခဲ့တယ်၊ မြို့တော်ဝန်ကလည်း အစည်းအဝေးတွေအများကြီးလုပ်တယ်၊ နှစ်ကူးမှာအမျိုးသား ယဉ်ကျေးမှုမြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဥ်ကို အကောင်အထည်ဖော်ဖို့ ငါတို့ အသက်ဝဝတောင်မရူနိုင်ဘူးကွ"

"ဒီနှစ် မြို့တော်A က အမျိုးသားယဉ်ကျေးသိမ်မွေ့တဲ့မြို့ရွေးချယ်မှုမှာ အရည်အချင်းပြည့်မီဖို့ အရမ်းခက်ခဲလိမ့်မယ်လို့ ငါထင်တယ်၊ ပြောရရင် ဒီမြို့မှာ လူသတ်မှုအများကြီးရှိနေခဲ့တဟာ၊ မြို့တော် A ကို မသက်ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး" ဖန်ကျင်းသည် ပုံမှန်အခြေအနေအရ၊ အမျိုးသားယဉ်ကျေးသောမြို့၊အမျိုးသားထူးချွန်နှင့် အဆင့်မြင့်မြို့ ရွေးချယ်မှုအတွက် အရည်အချင်းပြည့်မီရန် မြို့တော်A အတွက် ပြဿနာမဟုတ်ဟုခံစားမိသည်။ သို့သော်လည်း လူသတ်မှုများကြောင့် ဤအချိန်သည် ထိလွယ်ရှလွယ် ကာလတစ်ခုဖြစ်ပြီး ဤအကြောင်းအရာကို မည်သူမျှကျော်သွားပေးမည်မဟုတ်ပေ။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now