Ch-67 : ယုတ်မာတယ်။

607 61 1
                                    



Ch-67 : ယုတ်မာတယ်။

"အစ်ကိုဖန်း အနိုင်ရရင် သူကဖမ်းမိသွားလိမ့်မယ် ၊အစ်ကိုဖန်က ဒီညအနိုင်ရရင် နောက်ဆို စွမ်းအားနဲ့ငွေကို ပိုမိုရင်းနှီးမြုပ်နှံမှာလေ" ယင်ထောင်က မူလဥက္ကဌဟဲ က ဥက္ကဌလိန်ကို လှည့်ဖြားဖို့ စီစဉ်ခဲ့သည်ကို ယင်ထောင် ခံစားမိပေမဲ့ ဖန်ကျင်းရဲ့ရုတ်တရက်ပေါ်ထွက်မှုက သူ့ကိုအကြီးကျယ်ဆုံး အနိုင်ရသူဖြစ်လာစေခဲ့တယ်။

ဖန်ကျင်းသည် ယင်ထောင်က အလွန်ထက်မြက်တာ အမြဲခံစားမိပေမဲ့ သူမ၏အပြုအမူအချို့က သူ့အား အံ့အားသင့်စေသည်။

"ဒါက သူတို့ရဲ့ နည်းဗျူဟာလေ။ ချမ်းသာတဲ့သူတွေ များလေလေ သူတို့ရဲ့ အမြတ်တွေ ကြီးလေလေ" ဖန်ကျင်းရဲ့လုပ်ရပ်က ယနေ့ညတွင် လူအများရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တယ်။ နောက် ပိုသတိထားရပေမည်။

ကျဲယုက ဖန်ကျင်းနဲ့ယင်ထောင်တို့ စကားဝိုင်းကိုနားထောင်ရင်း များစွာသင်ယူခဲ့တယ်။ ဦးတည်ရာသို့ နီးကပ်လာသည်နှင့်အမျှ လမ်းပေါ်တွင် ကားများ တဖြည်းဖြည်း နည်းလာသည်။

"ဘော့စ် မောင်းခိုင်းတဲ့နေရာက ဝမ်ဟွားတင်းလား?" မြို့တ်ော A၏ဒေသခံတစ်ဦးအနေဖြင့် ကျဲယု ဝမ်ဟွားတင်းကို မကြားဖူးသည်မှာ မဖြစ်နိုင်ချေ။

"ဟုတ်တယ်၊ လုံခြုံရေးအကောင်းဆုံးနေရာလေ၊ သူတို့ လူနေဧရိယာရဲ့မီတာ၁၀၀အတွင်းအထိ ငါတို့နောက်ကို မလိုက်နိုင်ဘူး" ဖန်ကျင်းတွင် ရွေးချယ်စရာမရှိပေ။တကယ်တမ်းပြောရရင် မှောင်ခိုဈေးကွက်ကလူတွေ သူတို့နေထိုင်တဲ့နေရာကို သိခဲ့ရင် ရဲတွေရဲ့ အထောက်အထားကို ဖော်နိုင်ပေလိမ့်မည်။

"အဲဒီနေရာက လုံခြုံရေးကောင်းပေမဲ့ ကျွန်တော်တို့ဝင်လို့မရဘူး" ဝမ်ဟွားတင်းတွင် နေထိုင်သူများသည် ချမ်းသာကြသလို စွမ်းအားထက်ကြသည်ဟု ကျဲယု ခံစားမိတယ်။

"ငါ့မှာ သော့ကတ်ရှိတယ်။ ငါတို့ ဝင်လို့ရတယ်။" ဖန်ကျင်းရဲ့စကားဆုံးသွားသောအခါ သူ့အား ယင်ထောင်နဲ့ကျဲယုတို့ တပြိုင်နက်တည်းကြည့်နေတာတွေ့ရတယ်။

"အစ်ကိုဖန်၊ အဲနေရာမှာ ရှင့်အိမ်ရှိတယ်လို့ လာမပြောနဲ့"ယင်ထောင်က ဖန်ကျင်းရဲ့မိသားစုအိမ်ကို သိသည်။လိပ်စာသည် ဝမ်ဟွားတင်း ကဲ့သို့မကျော်ကြားပေမဲ့ ၎င်း သည် မြို့တော် A ရှိ ချမ်းသာကြွယ်ဝသော ခရိုင်တစ်ခု ဖြစ်နေဆဲဖြစ်သည်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now