Ch-21: ဝေမိသားစု
"သေဆုံးသူက ခြေဖဝါးရိုးကျိုးတာ မရှိဘူး၊ကျောရိုးလည်း မကျိုးဘူး။" ယင်ထောင်က ရာဘာလက်အိတ်ကို ၀တ်၍ အလောင်း၏ ဦးခေါင်းကို သေချာထိလိုက်သည်။ "ဘာကြောင့် နဖူးမှာ ပွန်းပဲ့နေတာလဲ?"
ယင်ထောင် မော့ကြည့်လိုက်ရာ သားကောင် ပြုတ်ကျလာတဲ့ အဆောက်အဦးတွင် ဘာအတားအဆီးမှ မရှိဘူးဆိုတာ သိလိုက်ရတော့ လေထဲမှာ တိုက်မိတာမျိုး မဖြစ်သင့်ပါပေ။
"ဆရာ၊ဒဏ်ရာက ဦးခေါင်းမှာရှိတယ်။သတိရှိရှိ အဆောက်အဦးကို မျက်နှာမူပြီး နောက်ပြန်ခုန်ချလိုက်ရင်တောင် သူ့ခြေထောက်က အရင်ကျသင့်တာ၊ပြီးရင် တင်ပါး.."ယင်ထောင် သည် သူမရှေ့မှ ယောက်ျားအလောင်းကို ကြည့်ရင်း နှလုံးသားထဲတွင် အဖြေတစ်ခုတဖြေးဖြေး ထွက်ပေါ်လာခဲ့သည်။
"သူကလေထဲမှာ ရုန်းကန်နေမှာမဟုတ်ဘူး။သူသေဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ဖြစ်၊ သူ အဆောက်အဦးပေါ်ကနေ ပြုတ်ကျမလာခင် သေခဲ့တာပဲ ဖြစ်ဖြစ်..." ယင်ထောင်က ပြောပြီးနောက် သူမအနားမှာရပ်နေတဲ့ စုမင် ကို ကြည့်လိုက်သည်။
"အင်း မင်းသုံးသပ်ချက်က မှန်တယ်။" စုမင် ပြောပြီးသည်နှင့် အနက်ရောင် ဇိမ်ခံကားတစ်စီး အရှိန်လွန်လာသည်ကို တွေ့လိုက်ရသည်။
"သား!"
ဝတ်ကောင်းစားလှ အမျိုးသမီးတစ်ဦး ကားပေါ်မှ ခုန်ဆင်းလာသည်။
"ဟူး၊သေဆုံးသူရဲ့မိသားစု ထင်တယ်..." ယင်ထောင်က စုမင်၏နောက်သို့ပြန်ဆုတ်လိုက်၏။
"ဘာလို့ အကြီးအကဲဝမ်ပါ ရောက်နေတာလဲ?"စုမင် အနက်ရောင်ကားနောက်သို့ အနီးကပ်လိုက်နေသည့် နောက်ထပ်ရဲကားကို တွေ့လိုက်ရသည်။ ဌာနခွဲမှ အကြီးအကဲဝမ်အန်းသည်လည်း လေးနက်သော အမူအရာဖြင့် ကားထဲမှ ထွက်လာခဲ့သည်။
ကားထဲက ဆင်းလာတဲ့ အမျိုးသမီး သည် မှုခင်းဖြစ်ပွားရာနေရာဆီ ရောက်မလာပဲ ငိုယိုရင်း ပြိုလဲကျသွားလေသည်။
"အကြီးအကဲ"စုမင်နဲ့အကြီးအကဲဝမ် တို့ အပြန်အလှန် နှုတ်ဆက်ကြတယ်။
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
عاطفيةAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.