Ch-69 : အကျင့်စရိုက်။"စိတ်ရှည်ရှည်ထား၊ သူများတွေ ကိုယ့်ကို နားလည်နိုင်လား နားမလည်ဘူးလားဆိုတာ ဂရုစိုက်နေစရာမလိုဘူး။ မင်းတကယ်လိုချင်တာကို သိနေသမျှ မင်းရဲ့အနာဂတ်ဟာ တောက်ပလာလိမ့်မယ်" လင်းကျား သည် ယင်ထောင်ရဲ့စရိုက်ကို သိပ်သဘောကျနေခဲ့ပြီး သူမအပေါ် သူ၏ထင်မြင်ချက်ကို ပြန်လည်အကဲဖြတ်ခဲ့သည်။ ဤမိန်းကလေးသည် လိုက်ဖို့အတွက် အားစိုက်ထုတ်ဖို့ အမှန်တကယ် ထိုက်တန်ပေမည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုလင်းကျား" ယင်ထောင် ပြုံး၍ ခေါင်းခါလိုက်သည်။ ထို့နောက် သူမက လင်းကျား အား "အခြားသူတွေရဲ့ အမြင်တွေကို အရမ်းဂရုစိုက်ရင် ဒီအလုပ်ကို ကျွန်မ ရွေးချယ်မှာ မဟုတ်ဘူး။ ကျွန်မ စာရေးဖြစ်နေလောက်ပြီ၊ ကျွန်မကို မိသားစုက လက်ခံရုံတင်မကဘဲ အပြင်လူတွေရဲ့ အတင်းအဖျင်းပြောခြင်းကို ခံရမှာ မဟုတ်ဘူး"
"ယင်ဟောင်က မင်းကို အတော်လေးထောက်ပံ့ပေးတယ်၊ စိတ်မပူနဲ့၊ မင်း ပိုထူးချွန်လာတာနဲ့ အနှေးနဲ့အမြန် မင်းရဲ့ရွေးချယ်မှုမှန်တာ လူတိုင်း တွေးလိမ့်မယ်" လင်းကျား သည် မြို့တော်ဝန်၏ လက်ထောက်ဖြစ်လာသောအခါတွင် သူ့မိသားစုက လက်မခံခဲ့ပေ။ ပိုပြီး သိက္ခာရှိတဲ့ အလုပ်တစ်ခုကို ရှာတွေ့နိုင်မယ်လို့ သူတို့ မျှော်လင့်ခဲ့ကြတယ်။ သို့သော် လင်းကျား သည် သူဆက်ကြိုးစားနေသရွေ့ အနှေးနဲ့အမြန် ဆုချီးမြှင့်ခံရလိမ့်မယ်လို့ ခံစားမိခဲ့တယ်။
"ညီမလေးရှောင်ထောင် ၊မင်း ဒီပိတ်ရက်မှာ အားလား?" လင်းကျား သည် ဒီတစ်ပတ်ပိတ်ရက်တွင် အချိန်ဖြုန်းဖို့ ယင်ထောင်ကို ဖိတ်ရုံတော့မည့်အချိန် အနောက်မှ ဖန်ကျင်းရဲ့အသံကိုကြားရသည်။
"မင်းတို့မိသားစုက ဒီတစ်ပတ်ပိတ်ရက်မှာ မင်းအဖေအတွက် မွေးနေ့ပွဲလုပ်ပေးမှာမဟုတ်လာ?ယင်ထောင်ကိုပါ ဖိတ်ချင်လို့လား?" ဖန်ကျင်းက လင်းကျားရဲ့ဖိတ်ကြားချက်ကို လက်ခံရရှိသည်မှာ ကြာပြီဖြစ်ပေမဲ့ သူ့အလုပ်၏ သဘောသဘာဝမှာ မသေချာလှပေ။ ထိုနေ့တွင် အမှုတွဲအသစ်များ ရှိမရှိအပေါ် လုံးလုံးလျားလျား မူတည်နေသည်။
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomanceAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.