Ch-52: ညီမလေး။

826 76 0
                                    


Ch-52: ညီမလေး။

"ကျွန်တော့်ညီမလေးရဲ့ကျောင်းလခ မတက်နိုင်လို့ အစ်ကိုနန်ဆီက ပိုက်ဆံနည်းနည်းချေးခဲ့တယ်၊ ဒါပေမဲ့ ငါးမန်းချေးငွေလို့ သူက တစ်ခါမှထုတ်မပြောခဲ့ဘူး"

ချန်ဖေး၏မျက်နှာ အရောင်ဖျော့သွားကာ သူ့လက်များတုန်ယင်လာ၏။ "အဲဒီနောက်ပိုင်း အတိုးများလွန်းတဲ့အတွက် အကြွေးတွေ ပိုများလာတယ်။ ပထမတော့ အစ်ကိုနန်က ကျွန်တော့်သွေးကို ရောင်းခိုင်းတယ်၊ နောက်တော့ ကျွန်တော့်အိမ်ကိုရောင်းခိုင်းတယ်၊အဲနောက် သူက ကျွန်တော့်ညီမလေးကိုတောင် ပစ်မှတ်ထားတယ်"

"ဒီဟာတွေက တရားမဝင်ဘူး။ ရဲခေါ်ဖို့ မစဉ်းစားဘူးလား?" ယင်ထောင်က တုန်တုန်ယင်ယင်ဖြစ်နေသော ချန်ဖေးကိုကြည့်ရင်း စာနာမိသည်။

"ဘာအချက်နဲ့ရဲခေါ်ရမလဲ? သူတို့က မှောင်ခိုဈေးကွက်နဲ့ဆက်စပ်နေတာ၊ ရဲက သက်သေရှာတွေ့မှာမဟုတ်ဘုး၊ ရေက နက်လွန်းတယ်၊ကျွန်တော့်လိုကောင်က ကံကြမ္မာကိုလက်ခံရုံပဲတက်နိုင်တာ၊ ရွေးချယ်စရာလုံးဝမရှိဘူး"

ချန်ဖေးက ကူရာမဲ့စွာ ခေါင်းငုံ့သွား၏။အစ်ကိုနန် လွတ်လာရင် ပိုကြောက်စရာကောင်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သူသိတယ်။

ယင်ထောင် အတွေးထဲတွင် နစ်မွန်းသွား၏။ ချန်ဖေး၏စကားများတွင် အဓိကစကားလုံးများစွာရှိသည်။ သွေးရောင်း၊ မှောင်ခိုဈေးကွက်၊ ငါးမန်းချေးငွေ။

ဤစကားများသည် တစ်တစီအမှုနှင့်ပတ်သသက်သည့် အချို့သောကိစ္စရပ်များကို ပြန်သတိရစေ၏။

ကားက ဝမ်အန်းခရိုင်းသို့ရောက်လာခဲ့သည်။ ဖန်ကျင်းက ကားပေါ်က ဆင်း၍ ချန်ဖေးကို မေး၏။ "ဒီမှာ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့တာ မင်း သိမယ်လို့ ငါထင်တယ်"

ဖန်ကျင်း၏စကားမဆုံးခင်တွင် ချန်ဖေးတွင် အလွန်ကြောက်ရွံ့နေသကဲ့သို့ ကြီးမားသောတုံ့ပြန်မှုတစ်ခုရှိနေခဲ့တယ်။သူက ဖန်ကျင်းကို တိတ်တဆိတ်နေဖို့ အမူအရာပြ၏။

ချန်ဖေး၏ ကြောက်လန့်နေသည့်အမူအရာကိုကြည့်ရင်း ယင်ထောင်က ပြောစေဖို့ အခွင့်အရေးယူလိုက်၏။ "ဒီရက်ကွက်က အရမ်းမှောင်တယ်၊ အစ်မနဲ့အစ်မရဲ့အစ်ကို မင်းကို လိုက်ပို့ပေးမယ်"

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now