လူသားသစ္စာ စာစဉ် (၃၀)
ဘာသာပြန်ဆိုသူ .... ကြည်ဖြူ (ရိုးရာ)အခန်း (၄၀၅) : နက်ရှိုင်းလွန်းပေသည်
မိုဝူကျီက ထိုကျောက်တုံးနက် ခြောက်တုံးကို စိတ်စွမ်းအားဖြင့် အာရုံခံကြည့်ပြီးနောက် တျန်းဂျီတုတ်ကို မြန်မြန် ထုတ်ကာ စတင် တူးလိုက်တော့သည်။
တျန်းဂျီတုတ်က တူးဖို့ရာအတွက် မသင့်တော်သည့်အပြင် ဤမြေနက်မှာ မာကြောနေသည့်အချက်ပါ ထည့်တွက်လိုက်သည့်အခါ မိုဝူကျီက ထိုမြေနက်ကို တူးဖို့ရာ သူ့တျန်းဂျီတုတ်၌ လျှပ်စီးများ စုစည်းလိုက်ရသည်။
“ ဘုန်း ဘုန်း ” တျန်းဂျီတုတ်ကို လျှပ်စီးဓားအကူဖြင့် နှစ်ချက်တူးပြီးနောက် သုံးဆယ်စင်တီမီတာလောက်သာ ရှိသည့် အပေါက်လေးသာ ဖြစ်လာသည်။
မိုဝူကျီက ထိုမြေနက်မှာ မည်မျှ တူးရခက်ကြောင်း သိသွားလေသည်။ သူက ထိုမျှ အပေါက်လေး တူးနိုင်သည်ကိုက ကံကောင်းလှပေသည်။ သူသာ ဆက်တူးနေသရွေ့ ကိုးမီတာက ဖြည်းဖြည်းချင်း ရောက်လာလိမ့်မည်။
မိုဝူကျီ၏ သဘာဝစွမ်းအားများမှာ ပြည့်လျံနေပြီး သူ့တွင် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်း ခုနှစ်ခုပင် ရှိနေသေးသည်။ သူက ဆက်တိုက် တူးနေပြီး နားဖို့ရာ မလိုအပ်ပေ။
တစ်နေရာတည်းကို ဆက်တိုက် တူးနေပြီးနောက် မြေနက်နှင့် ကျောက်စများမှာ ဆက်တိုက်ဆိုသလို လွှင့်ထွက်လာသည်။ တစ်ရက်တာ တူးပြီးနောက် မိုဝူကျီက ကိုးမီတာအထိ နက်သည့် အတွင်း တူးနိုင်ခဲ့လေပြီ။
သူ့တျန်းဂျီတုတ်ကို သဘာဝစွမ်းအား အနည်းငယ်နှင့် ဝေ့ယမ်းလိုက်သည့်အခါ ကျောက်တုံးနက်အချို့မှာ လေထဲ ဝဲပျံလာကြသည်။ မိုဝူကျီက ထိုကျောက်တုံးနက်များ မြေပေါ် ကျရောက်သည့်အထိ စောင့်မနေဘဲ လက်တစ်ချက် အဝှေ့ဖြင့် သူ့နောက်ကျောမှ ခြင်းတောင်းအတွင်း ကျရောက်လာသည်။
မိုဝူကျီက ခြင်းတောင်းကို သူ့ရှေ့ယူကြည့်လိုက်ပြီး ကျောက်တုံးနက်ကို စစ်ဆေးကြည့်လိုက်သည့်အခါ အံ့ဩတကြီး ဖြစ်မိသွားသည်။ ယခုလေးပင် သူက ကျောက်တုံးနက် ခြောက်တုံး တွေ့ခဲ့သော်လည်း တစ်တုံးက ရုတ်တရက် ဘာကြောင့် ပျောက်ဆုံးသွားရတာလဲ။
YOU ARE READING
လူသားသစ္စာ Translation Book 4 ( 401 - 500)
Fantasysequence of Book 3 ~~~ All credits given to original author