အခန်း (၄၆၁)

915 134 0
                                    

အခန်း (၄၆၁)  :   ဟန်ချင်းရု၏ တည်နေရာ

ကန်ဟယ်မြို့

ယုံရင်အစွန်းအဖျားတွင် မြို့အသေးလေး တစ်ခု တည်ရှိနေသည်။

ထိုစဉ် မိုဝူကျီက ကန်ဟယ်မြို့အပြင်ဘက်တွင် ရပ်နေလျက် ရှိသည်။ ကြာငါးသွယ်တောင်နှင့် နီးကပ်နေသောကြောင့် သူက  ဤနေရာသို့ ရောက်လာရန် တစ်ရက်တာသာ အချိန်ယူခဲ့ရသည်။

အကယ်၍ ဟန်ချင်းရုက မြို့ကို သွားမည်ဆိုလျှင် ဤနေရာ၌ သေချာပေါက် ရှိနေလိမ့်မည်။ ထို့အပြင် ဟန်ချင်းရုက ကြာငါးသွယ် တောင် အနီး၌ မြို့အသေးလေး ရှိကြောင်း ပြောခဲ့ဖူးသည်။ မိုဝူကျီ၏ မှန်းဆချက်အရ ဟန်ချင်းရုက ကန်ဟယ်မြို့လေးကိုသာ ပြောနေခြင်း ဖြစ်ပေလိမ့်မည်။

သူက ကန်ဟယ်မြို့အတွင်း မဝင်ခင် မိုဝူကျီက မြိုအပြင်ဘက်၌ ကာကွယ်ရေး အစီအရင်မျိုးစုံ တပ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။  ထိုကာကွယ်ရေး အစီအရင်များက မဆိုးလှပေ။ သူတို့တွင် ထောင်ချောက်များပင် ပါနေသေး၏။

မြို့အတွင်းသို့ ဝင်ပြီးသည်နှင့် မိုဝူကျီက လူအတန်းလိုက်ကြီးဖြင့် အင်မတန် စည်ကားအသက်ဝင်လှကြောင်း တွေ့လိုက်ရသည်။

လက်တွေ့တွင်  ကန်ဟယ်မြို့လေး  အနီး၌ ကျင့်ကြံမြို့ မရှိသော်လည်း ပတ်ဝန်းကျင်တွင် များပြားကြီးမားသော တောင်များဖြင့် ကာရံထားလေသည်။ ကြာငါးသွယ်တောင် နယ်နမိတ် တစ်ခုမျှတင် မကပေ။ ကြာငါးသွယ် တောင် နယ်နမိတ်အပြင် ကန်ဟယ်တောင် နယ်နမိတ်နှင့် ညင်သာမြစ်တောင် နယ်နမိတ်များလည်း ရှိပေ၏။

ထိုတောင်နယ်နမိတ်များက အမျိုးမျိုးသော အင်မော်တယ်ဆေးပင်များနှင့် ပြည့်နှက်နေပြီး  ထိုပတ်ဝန်းကျင်တွင် တွင်းထွက်ပစ္စည်းများနှင့် သတ္တုတွင်းများပင် ရှိနေသေးသည်။ ထို့ကြောင့် ကျင့်ကြံသူများစွာက ဤနေရာသို့ လာရောက်လာ လေ့ကျင့်လေ့ ရှိကြပြီး  သူတို့ တစ်ခုခု ရှာဖွေတွေ့ရှိသည့်အခါ ကန်ဟယ်မြို့၌  ပြန်ရောင်းချကြသည်။

မြို့၏ နေရာချထားပုံမှာ ရှုပ်ယှက်ခတ်မနေပေ။ ကုန်သည်အိမ်တော်များနှင့် ဈေးဆိုင်များအပြင် ဆေးလုံးအိမ်တော်များ၊ သတ္တုပစ္စည်း ဈေးဆိုင်များ အစရှိသဖြင့် စုံလင်လှသည်။ ပစ္စည်းအမျိုးတူ ရောင်းချကြသည့် ဈေးဆိုင်များက ကပ်လျက် တည်ရှိသည်။ ထို့ကြောင့် လူများက ပစ္စည်းတမျိုး ဝယ်လိုလျှင် အချိန်သိပ်ကြာမြင့်မည် မဟုတ်ပေ။

လူသားသစ္စာ Translation Book 4 ( 401 - 500)Opowieści tętniące życiem. Odkryj je teraz