အခန်း (၄၅၃)

957 146 2
                                    

လူသားသစ္စာ ၃၃

အခန်း  (၄၅၃)  :   ကောင်းကင်  အင်မော်တယ် စွမ်းအားစက်ကွင်း

ဟန်ချင်းရုက အရူးတစ်ယောက် မဟုတ်ပေ။ သူမက မိုဝူကျီ စကားနောက်မှ အဓိပ္ပါယ်ကို ချက်ချင်း နားလည်ပေ၏။ သူမက မိုဝူကျီကို အံ့ဩတကြီး ကြည့်မိလိုက်ပြီး  တင်တင်းက သူမ ငယ်စဉ်ကတည်းမှ နောက်မှ လိုက်နေသူ ဖြစ်သောကြောင့် အဘယ်ကြောင့် သူမကို သစ္စာဖောက်မည်နည်း။

“ ဒီလိုဆိုမှတော့ ကျုပ် အရင်သွားနှင့်ပါ့မယ် ” ဟန်ချင်းရု၏ စရိုက်မှာ မဆိုးသောကြောင့် မိုဝူကျီက ကူညီပေးလိုခြင်း ဖြစ်သည်။ သို့သော် သူမကို သတိပေးပြီးနောက် သူမက တွေဝေနေဆဲ ဖြစ်သောကြောင့် သူမကို ဆက်ဖြောင့်ဖြရန်  မလိုတော့ပေ။

ထို့ကြောင့် မိုဝူကျီက လှည့်ထွက်သွားရန် ပြင်လိုက်သည်။ စီမံခန့်ခွဲရေးမှူးဟဲ စွမ်းအားက ဘာမှ မဟုတ်သော်လည်း သူကဲ့သို့သော ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူကို နောက်လိုက်အဖြစ် ထားထားနိုင်ခြင်းက မိုဝူကျီက  ထိုလူနှင့် ရင်ဆိုင်နိုင်မည် မဟုတ်ချေ။

ဟန်ချင်းရုက မိုဝူကျီ အဝတ်အနားကို ဆွဲထားပြီး

“ ကျေးဇူးပြုပြီး ကျမကိုပါ ခေါ်သွားပေးပါ။ ကျမ ရှင့်ကို ယုံတယ် ... ”

မိုဝူကျီက အနည်းငယ် စိတ်လှုပ်ရှားမိလာသည်။ ဟန်ချင်းရုက သူ့အပေါ် ရုတ်တရက် အဘယ်ကြောင့် ယုံကြည်လာကြောင်း တွေးရင်း အနည်းငယ် စိတ်ရှုပ်ထွေးမိသွားသည်။ သို့သော်လည်း သူက များများမတွေးတော့ဘဲ ခေါင်းညိတ်ကာ   “ အဲဆို ကျုပ် နောက် လိုက်ခဲ့ပါ ”

ဥယျာဉ်တစ်ခုလုံးတွင် အစီအရင်များ အပြည့်ဖြစ်ပေ၏။ ကံကောင်းလှစွာ မိုဝူကျီက အစီအရင်နှင် ပတ်သတ်၍ ကျွမ်းကျင်သည့်အပြင် ဤနေရာ၌ ဆယ်ရက်တာလောက် အစီအရင်ကို လေ့လာနေခြင်းပါ ထည့်တွက်လိုက်လျှင် သူက မကြာခင် ထိုပန်းပင်လယ်ထဲမှ လမ်းကြောင်းမှ ရှာတွေ့နိုင်လိမ့်မည်။

“ဒီလမ်း မဟုတ်ဘူးလေ။ အဓိက ဝင်ပေါက်က ဟိုဘက်မှာ   ” မိုဝူကျီက ပန်းပင်တွေကြား သွားသည်ကို မြင်၍ ဟန်ချင်းရုက စိုးရိမ်စွာ ဘေးမှ ထောက်ပေးလိုက်သည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Donde viven las historias. Descúbrelo ahora