အခန်း (၄၄၃)

935 151 4
                                    

လူသားသစ္စာ စာစဉ် ၃၂

အခန်း  (၄၄၃)  :  ကြီးမားသော အကာအရံကြီး

မိုဝူကျီ ထိုသို့ လုပ်ရဲသည့် အကြောင်းအရင်းမှာ သူက သေခြင်းရှင်းခြင်းကို လုံးဝလျစ်လျူရှူထားလိုက်၍ ဖြစ်သည်။ သူက မြေသဘာဝ အမြုတေကို မလုယူလျှင်ပင် သူ့အနေနှင့် ရက်အနည်းငယ်အတွင်း ထွက်လမ်း ရှာမတွေ့လျှင်  သေဆုံးရလိမ့်မည်။ သူက တစ်နည်းနည်းနှင့် သေရမည် ဖြစ်၍ မြေသဘာဝ အမြုတေကို မျက်စိရှေ့ ရှိနေရက်နှင့် အဘယ်ကြောင့် ထားခဲ့နိုင်မည်နည်း။

နှစ်ရက်တာ ထွက်ပြေးလာပြီးနောက် မိုဝူကျီက ရပ်တန့်လိုက်သည်။ သူက  ရှင်းရှင်းလင်းလင်း သိနေသည်။ သို့သော်လည်း သူက မပျော်သလို မြေသဘာဝ အမြုတေကိုလည်း ထုတ်မကြည့်မိပေ။

အကြောင်းအရင်းမှာ သူ့အင်မော်တယ်ကျောက်များ ကုန်ဆုံးသွား၍ ဖြစ်သည်။

မိုဝူကျီက စိတ်စွမ်းအား ထုတ်လွှင့်၍ အာရုံခံကြည့်သည့်အခါ ချက်ချင်းဆိုသလို  တအံ့တဩ ဖြစ်မိသွားသည်။

“ ဒါက အင်မော်တယ်လျိုရဲ့ တခြားတစ်ဖက်လား ” မိုဝူကျီ က သူကိုယ်သူ ရေရွတ်လိုက်ရင်း  မျက်နှာတွင်မူ စိတ်လှုပ်ရှားမှု အပြည့်ဖြစ်နေသည်။

သူ့ရှေ့တွင် ချောကျိကျိ မီးခိုးရောင် အကာအရံ ရှိနေပေသည်။ မိုဝူကျီက ထိုအကာအရံကို ဘာသတ္တုဖြင့် ပြုလုပ်ထားမှန်း မှန်းဆကြည့်လို့ပင် မရပေ။ သူက ထိုအရာမှာ အောက်စိုက်လျောဆင်းနေပြီး မထူးမခြားနား  ဆန့်ထွက်နေသည်။

မိုဝူကျီက သေချာသွားကြည့်လိုက်သည်။ သူက ထို ကျယ်ပြောပြီး အဆုံးမဲ့လှသည့် ဆင်ခြေလျှော အကာအရံကို မြင်လို့ဌာ ခေါင်းကို မော့ကြည့်လိုက်သည်။ ထိုအကာအရံရှေ့တွင် သူက ပင်လယ်ကြီးကို ငေးကြည့်နေသည့် ပုရွက်ဆိတ်လေးကဲ့သို့ ခံစားလိုက်ရသည်။

မိုဝူကျီ၏ စိတ်မှာ အေးစက်လာပေသည်။ ထိုအကာအရံရှေ့တွင် သူတင် မက အင်မော်တယ်ကူးသန်းရေး သင်္ဘောပင် ပုရွက်ဆိတ်မျှ ဖြစ်နေလိမ့်မည်။ သူကဲ့သို့ ထိုအရာမှာလည်း ဤအကာအရုံကို ဖြတ်နိုင်မည် မဟုတ်ပေ။

လူသားသစ္စာ Translation Book 4 ( 401 - 500)Hikayelerin yaşadığı yer. Şimdi keşfedin