လူသားသစ္စာ စာစဉ် (၃၁)
ဘာသာပြန်ဆိုသူ .... ကြည်ဖြူ (ရိုးရာ)အခန်း (၄၂၁) : တိုက်သင်္ဘောကို ပြန်လည် ပြင်ဆင်ခြင်း
မိုဝူကျီက တစ်ယောက်ချင်းစီကို ၁၅ ရာခိုင်နှုန်း ပေးဖို့ရာ ရည်ရွယ်ထားသော်လည်း ထိုသို့ဆိုလျှင် ကျာချီ၏ ဝေစုက လျော့နည်းသွားလိမ့်မည်။ သူတို့က ဆယ်ရာခိုင်နှုန်းစီသာ အလိုရှိသည့်အတွက် ကျန်ရာခိုင်နှုန်းများကို မိုဝူကျီက ဝမ်းသာစွာ လက်ခံလိုက်မည် ဖြစ်သည်။ ယခုအချိန်အထိ သူက အမှန်ပင် အဓိကနေရာမှ ပါဝင်ခဲ့ရပြီး ဤနေရာသို့ ရောက်မလာခင် အရောင်မဲ့မျှော့များကို တားဆီးခြင်း သို့မဟုတ် ကျောက်တုံးနက်များကို ရှာဖွေခြင်းများ ပြုလုပ်ခဲ့ရသည်။ သူ မပါလျှင် အဖွဲ့မှာ ဘာမှ ရရှိလာမည် မဟုတ်ပေ။
ကျင့်ကြံခြင်းလောကတွင် စွမ်းဆောင်ရည်နှင့် ဆုလာဘ်က ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာခြင်း ဖြစ်ပေသည်။
ဆရာကြီးဖူကျိ၏ အကူအညီဖြင့် မိုဝူကျီ အစီအရင် ပြင်ဆင်ခြင်းမှာ မြန်ဆန်လာပေသည်။ သူ လိုအပ်နေသည့် အစီအရင်အလံများအတွက် ဆရာကြီးဖူကျိကို အကူအညီ တောင်းနိုင်သည်။
ဆရာကြီးဖူကျိက ဤနေရာတွင် အကောင်းဆုံးပန်းပဲပညာရှင်ထဲမှ တစ်ယောက်ဟု ယူဆ၍ ရပေသည်။ သူက အစီအရင်အလံများ ပြုလုပ်ဖို့သာ ကူညီပေးနေသောကြောင့် သူ ထုတ်ပေးလိုက်သည့် အစီအရင်အလံများကို အသုံးပြုရာ၌ အခက်အခဲ မရှိချေ။
ခြောက်ရက်အတွင်း မိုဝူကျီက မီတာ နှစ်ထောင် ပတ်လည် ကျယ်ဝန်းသည့် အကာအကွယ်ကို ပြီးစီးသွားလေပြီ။ ဆရာကြီးဖူကျိက အစီအရင်တာအိုကို နားလည်သောကြောင့် မိုဝူကျီ၏ လုပ်ဆောင်မှုကြောင့် အမှန်ပင် အံ့အားသင့်မိသွားသည်။ သူက မိုဝူကျီမှာ အစီအရင်အကြောင်း ကောင်းကောင်း နားလည်နေပြီး ပညာရှင်နှလုံးသား မီးတောက်နှင့်ပါ တွဲသုံးနိုင်လိမ့်မည်ဟု မတွေးကြည့်ဖူးပေ။ ဤနေရာတွင် ထောင်ချောက်များနှင့် သတ်ဖြတ်ရေး အစီအရင်များစွာလည်း ပါဝင်ပေ၏။ အရောင်မဲ့မျှော့များကိုသာ တားဆီးထားနိုင်ရုံသာမက တခြားကျင့်ကြံသူများကိုလည်း တားဆီးပေးထားသည်။ မိုဝူကျီက ထိုသို့မျိုး အစီအရင်ကို ခြောက်ရက်တည်းဖြင့် ပြီးစီးခဲ့လေသည်။
![](https://img.wattpad.com/cover/234026072-288-k505135.jpg)
ESTÁS LEYENDO
လူသားသစ္စာ Translation Book 4 ( 401 - 500)
Fantasíasequence of Book 3 ~~~ All credits given to original author