လူသားသစ္စာ စာစဉ် (၃၂)
အခန်း (၄၃၁) : ညှိနှိုင်းခြင်း
“ကျုပ် နာမည်က ကုန်းဟို့ .... တကယ်လို့ မင်းပြောတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် မင်းကို စိတ်မပျက်စေရပါဘူး။ မင်းရဲ့ ဈေးကို ပြောလိုက် ... ” မိုဝူကျီက ကျောက်တုံးနက် ရှစ်သောင်းနှင့် တစ်သိန်း အကြောင်း ပြောမိသောအခါ ကုန်းဟို့က ချက်ချင်း စိတ်ပြောင်းသွားပေသည်။ သူက ပြန်ထိုင်ချလိုက်ပြီး လေသံမှာ လျော့သွားလေ၏။
အင်မော်တယ်တပိုင်းနယ်ပယ်တွင် ဟုန်ဖူကျီကို အစားထိုးမည့် လူရှာရန် လွယ်ကူသော်လည်း မိုဝူကျီကဲ့သို့ လူမျိုးကို ရှာတွေ့ဖို့က မဖြစ်နိင်သလောက် နည်းပါးပေသည်။
မိုဝူကျီက လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်နှင့် သူ့ဘေးတွင် သင့်လျော်သည့် အရွယ်အစားရှိသည့် ကျောက်တုံးတစ်တုံး ရောက်လာသည်။ ကုန်းဟိုက ထိုင်နေသည့်အတွက် သူ့ရှေ့တွင် မတ်တပ်ရပ်နေသည်ကို ကျင့်သား မရပေ။
ကုန်းဟို့က မိုဝူကျီက အရင်ဦးစွာ ထိုင်လိုက်သည်ကို မြင်သောအခါ သူ့မျက်လုံးတွင် စူးရှသည့် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ သို့သော် မကြာခင်၌ မှိန်ကျသွားလေ၏။ ဤတစ်ကြိမ်တွင် သူက ဘာမျှ မပြောတော့ပေ။ မိုဝူကျီ တစ်ယောက် ထိုမျှ မောက်မောက်မာမာ ပြုမူရဲစေလောက်သည့်အထိ သူ့၌ လျို့ဝှက်ချက် ဘယ်လောက်များများ ရှိနေမည်ကိုသာ သိချင်နေမိသည်။
မိုဝူကျီက အလျှင်မလိုဘဲ ပြောလိုက်သည်
“ အရောင်းအဝယ် မပြောခင် တာအိုရောင်းရင်းကုန်းကို မေးခွန်းလေးများ မေးလို့ ရမလား ”
“ အရောင်းအဝယ်နဲ့ ပတ်သတ်နေသရွေ့ ကျုပ် ဖြေပေးမယ် ” ကုန်းဟို့၏ ယခင် စိတ်လှုပ်ရှားမှုမှာ ပျောက်ကွယ်သွားပြီး ယခုအခါ တည်ငြိမ်လာပြီ ဖြစ်၏။
“ ကောင်းပါပြီ။ ပထမဆုံးမေးခွန်းက ကျောက်တုံးနက်ရဲ့ လုပ်ဆောင်ချက်ကို သိချင်တယ် ”
မိုဝူကျီက ထိုမေးခွန်းကို မေးပြီးနောက် ကုန်းဟို့ကို ကြည့်လိုက်သည်။ သူက ကုန်းဟို့မှာ သူ့မေးခွန်း မဖြေလောက်မှန်း မှန်းဆမိသော်လည်း မျှော်လင့်ချက် အနည်းငယ် လက်ကိုင်ထားပြီး မေးကြည့်လိုက်ခြင်း ဖြစ်သည်။
![](https://img.wattpad.com/cover/234026072-288-k505135.jpg)
ESTÁS LEYENDO
လူသားသစ်စာ Translation Book 4 ( 401 - 500)
Fantasíasequence of Book 3 ~~~ All credits given to original author