အခန်း (၄၂၆)

1K 154 0
                                    

လူသားသစ္စာ စာစဉ် (၄၁)
ဘာသာပြန်ဆိုသူ .... ကြည်ဖြူ (ရိုးရာ)

အခန်း  (၄၂၆)  :  ကျုပ်က စာဘယ်လို ဖတ်ရမှန်းတောင် သိတာ မဟုတ်ဘူး

“ ဘယ်သူလဲ ” မိုဝူကျီ လေသံမှာ အေးစက်နေသည်။ သူက တစ်ဖက်လူမှာ တာအိုသခင်ကွမ်းချွမ် ဖြစ်ကြောင်း သိထားသော်လည်း မသိချင်ဟန်ဆောင်နေခြင်း ဖြစ်၏။

ထိုလူ၏ ကျင့်ကြံဆင့်မှာ သူ့ထက် မြင့်နေပေမဲ့ ထိုသို့မြင့်နေလျှင်ပင် သူတို့နှစ်ယောက်လုံးမှာ မြေကမ္ဘာအင်မော်တယ် အဆင့်တူတူထဲ ရှိကြသည်။ ဝိညာဉ်ကြောမပါရှိဘဲ ချီသွေးကြောများကို အခြခံထားသည့် အစပြုသူ တစ်ဦးအနေနှင့် သူက အဆင့်တူအတွင်းမှ တခြားတစ်ယောက်ကို ကြောက်ရွံ့နေမည်ဆိုလျှင် သူ့ကိုယ်သူ အရှက်ခွဲသလို ဖြစ်မနေဘူးလား။ အကယ်၍ သူက အဆင့်တူအတွင်း ကြောက်ရွံနေမိလျှင် သူက ချီသွေးကြော ကျင့်စဉ် ဆက်လက်ကျင့်ကြံဖို့ရာ မတွေးသင့်တော့ပေ။

“ ကျုပ်က ဒီ အင်မော်တယ်တပိုင်းနယ်ပယ်ရဲ့ တာအိုသခင် ကွမ်းချွမ်ပါ။ ဒီနှစ်ယောက်ကတော့  အင်မော်တယ် ဖွေရှာရေး အဖွဲ့ခေါင်းဆောင် မုန့်ထျန်းယွီနှင့် ဧရာမကန္တာရ မဟာမိတ်ခေါင်းဆောင် ချင်ယွဲ့တို့ပါ .... ” ကွမ်းချွမ်  အသံမှာ တည်ငြိမ်နေပြီး ဖော်ရွှေစွာ ပြောလိုက်သည်။ သူက မိုဝူကျီကို လူသတ်သည့်အတွက် မေးခွန်းချက်ချင်း မထုတ်သေးဘဲ မိုဝူကျီကို သူ့ဘေးနားမှ လူနှစ်ယောက်နှင့် အရင်မိတ်ဆက်ပေးလိုက်သည်။

မိုဝူကျီက မုန့်ထျန်းယွီကို တစ်ချက် ကြည့်လိုက်သည်။ ထုံညီအစ်ကို အင်မော်တယ်တပိုင်းနယ်ပယ်သို့ မလာရဲသည့် အကြောင်းအရင်းမှာ သခင်ပုဆိန်ကြောင့်သာ မဟုတ်ဘဲ ထိုလူကိုလည်း ရန်စမိ၍ ဖြစ်သည်။ ထို့အပြင် အစ်ကိုလော့၏ ဝိညာဉ်ကြောများ သစ်သားအဖြစ် ပြောင်းလဲကုန်စေသည့် အဓိက တရားခံမှာလည်း ထိုလူ ဖြစ်ပေသည်။ သူ့ကြောင့်သာ မဟုတ်လျှင် အစ်ကိုလော့က အင်မော်တယ်တပိုင်းနယ်ပယ်၌ သေဆုံးသွားပေလိမ့်မည်။

ထိူလူက အထူးသစ်သားစွမ်းအားကို အသုံးချ၍ သူ့တိုက်ကွက်အဖြစ် ပြောင်းထားနိုင်သောကြောင့်  လူတော်တစ်ယောက်ပင် ဖြစ်ရမည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Nơi câu chuyện tồn tại. Hãy khám phá bây giờ