လူသားသစ္စာ ၃၆
အခန်း (၄၉၅) : မလုံလောက်သေးဘူး
မိုဝူကျီက ကုသဆေးလုံးများ ဆက်တိုက် မျိုချရင်း အားနည်းလွန်းသည့် ခံစားချက်က သူ့အား လွမ်းမိုးသွားတော့သည်။ သူ့စိတ်ထဲ၌ “ အံ့ဩဖို့ ကောင်းချက်” ဆိုသည့် စကားကို ရေရွတ်နေသော်လည်း ထိုစကားမှာ သူ့ရှေ့မှ ရွမ်ရှန်းအဆင့် ကျင့်ကြံသူကို ညွှန်းဆိုခြင်း မဟုတ်ဘဲ သူ့သေရေး ရှင်ရေး ကံကြမ္ခာစက်ဝန်းကို ပြောခြင်း ဖြစ်ပေသည်။
သူက လက်သီးချက်ကို အရင်ထုတ်သုံးမည့်အစား သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်းကို အသုံးပြုခဲ့လျှင် တိုက်ပွဲမှာ ပို၍ စောစီးစွာ ပြီးဆုံးသွားပေလိမ့်မည်။
သို့သော်လည်း မိုဝူကျီက ထိုအတွေးကို ဖယ်ရှားလိုက်သည်။ ဤနည်းလမ်းက အတော်လေး စတေးရာ ရောက်လွန်း၏။ သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်းမှာ အံ့ဩဖို့ ကောင်းသော်လည်း တစ်ဖက်လူက သူ့ထက် များစွာ အားကောင်းနေသည့်အတွက် သူ့အသက်ဓာတ် လမ်းကြောင်းနှင့်ပင် သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်း၏ တန်ပြန်တိုက်ကွက် လာထိနိုင်ပေ၏။
သူက သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်းကို မကြောက်သည်မှာ သူ့တွင် အသက်ဓာတ် လမ်းကြောင်း ရှိနေသောကြောင့် လွယ်လွယ်လေး သေမည် မဟုတ်ပေ။ သို့သော် အရေးကြီးဆုံးအရာမှာ တန်ပြန် သက်ရောက်ခြင်း ခံလိုက်ရသည်နှင့် သူ့တိုက်ခိုက်စွမ်းပေါ် သိသိသာသာ သက်ရောက်မှု ရှိလာပြီး တစ်ဖက်လူနှင့် လက်ရည်တူ တိုက်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်းက တိုက်ပွဲတိုင်း အသုံးပြုသင့်သည့် တိုက်ကွက် မဟုတ်ဘဲ ချင့်ချိန်သုံးရမည် ဖြစ်သည်။
ရွမ်ရှန်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ရန် သူ့စွမ်းအား အားလုံး သုံးစွဲပြီးနောက် မိုဝူကျီက ထမရပ်ခင် မိနစ်အနည်းငယ်လောက် အနားယူလိုက်ရသည်။ သူက ရွမ်ရှန်းအဆင့် ကျင့်ကြံသူ၏ လက်စွပ်ကို ယူလိုက်ပြီး လက်တစ်ဖက် မြှောက်လိုက်ရင်း ထိုသူ့အလောင်းဆီ မီးတောက် ပို့လွှတ်ကာ ပြာအဖြစ် လောင်ကျွမ်းစေလိုက်သည်။ ထို့နောက် သူက ထိုနေရာမှ ထွက်လာလိုက်သည်။
ČTEŠ
လူသားသစ္စာ Translation Book 4 ( 401 - 500)
Fantasysequence of Book 3 ~~~ All credits given to original author