အခန်း (၄၆၇)

987 149 1
                                    

အခန်း  (၄၆၇)  :  မိုဝူကျီ၏ သံသယ

သို့သော်လည်း ဤလက်သီးချက်မှာ အဆုံးမသတ်သေးဘဲ  ယပ်တောင် သဏ္ဍာန် စွမ်းအားစက်ကွင်းလည်း ပေါက်ကွဲထွက်သွားသည်။ ထိုလက်သီးချက်ကြောင့် ဖြစ်ပေါ်လာသည့် ထိပ်တန်းမီးတောက်မှ ပေါက်ကွဲမှုမီးတောက်မှာ  အမှောင်ထုကို လွှမ်းခြုံသွားလေ၏။

မိုဝူကျီက အင်မော်တယ်ကျောက်ထဲမှ စွမ်းအားများကို အချိန်တိုအတွင်း စုပ်ယူလိုက်သည့်အတွက် မိုဝူကျီဘေးရှိ အင်မော်တယ်ကျောက်အပုံလိုက်မှာ အမှုန့်အဖြစ် ပြောင်းလဲသွားလေ၏။ အချိန်တိုလေးအတွင်း မိုဝူကျီက ကောင်းကင်အင်မော်တယ် အလယ်အလတ်အဆင့် ရောက်သွားသောကြောင့်  သူ့ခန္ဓာမှ ထွက်ပေါ်လာသော စွမ်းအားများကို ခံစားမိလိုက်သည်။

ဟန်ချင်းရုက  ယာဉ်ပျံကို  ဆင်းသက်လိုက်သောကြောင့် တုန်ခါသွားလေ၏။

“ ဂျုနီယာမောင်လေး .... ဘာတွေ ဖြစ်နေတာလဲ  ” ယာဉ်ပျံကို ဆင်းသက်ပြီးနောက် ဟန်ချင်းရုက ယာဉ်ပဲ့ပိုင်းဆီ ရောက်ရှိလာသည်။

သူတို့က မိုဝူကျီသည် အဘယ်ကြောင့် ထိုသို့ ဖြစ်လာမှန်း မသိသည့်အတွက်  ထုံယဲ့ပါ လိုက်လာခဲ့သည်။

မိုဝူကျီ ဘေးနားမှ အင်မော်တယ်သဘာဝစွမ်းအားများက တည်ငြိမ်သွားပြီးနောက် သူက ပြုံးကာ

  “ ဘာမှ မဟုတ်ပါဘူး။ ကျုပ်က ဉာဏ်အလင်းပွင့်လာလို့ လက်သီးချက် ပစ်လွှတ်ကြည့်ရုံပါ။ အစ်မချင်းရု ...   ကျုပ်တို့တွေ ကျင်းယွင်မြို့နဲ့ ဝေးသေးလား ”

“ ကျမတို့တွေ ရောက်ပြီ။ အခု နောက်ထပ် တစ်နာရီလောက်နေရင် အဲကို ရောက်လိမ့်မယ် ” ဟန်ချင်းရုက မြန်မြန် ဖြေလိုက်သည်။

မိုဝူကျီက အံ့အားသင့်သည့် အမူအယာဖြင့်  “ ကျုပ် တံခါးပိတ် ကျင့်ကြံတာ သုံးရက်တောင် ရှိသွားပြီလား ”

သူက ခဏတာမျှသာ ခံစားလိုက်ရသော်လည်း တကယ်တမ်း သုံးရက်တောင် ကုန်ဆုံးသွားပြီလား....

“ မဟုတ်ဘူး။ အစ်မချင်းရုက  အမြန်နှုန်းလျော့ထားလို့  အစ်ကိုမို ကျင့်ကြံနေတာ ငါးရက် ရှိသွားပြီ ” ထုံယဲ့က ထပ်ပြောလိုက်သည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Onde histórias criam vida. Descubra agora