အခန်း (၄၇၆)

932 143 0
                                    

အခန်း  (၄၇၆)  :  တစ်ယောက်ယောက်က ယင်ပြန့်မြို့ကို တိုက်ခိုက်ရဲတယ်

“အစ်မချင်းရု  ယာဉ်ပျံကို ရပ်ပါဦး  .... ကျုပ် အဲဒီလူကို သိတယ် ” မိုဝူကျီက စကားအဆုံးတွင် သူက ယာဉ်ပျံရှေ့၌ ဆင်းလာပြီ ဖြစ်သည်။

ခဏအကြာတွင် ဟန်ချင်းရုက ယာဉ်ပျံကို ရပ်တန့်လိုက်သည့်အခါ သင်္ဘောပျံမှာလည်း ဘေးသို့ ရောက်ရှိလာသည်။

“ကူယာ ....  မတွေ့တာ အတော်ကြာပြီပဲ  ...” မိုဝူကျီက  ပျော်ရွင်စွာ နှုတ်ဆက်လိုက်သည်။ သူက ကူယာကို ယင်ပြန့်မြို့အနီးတွင် တွေ့ရလိမ့်မည်ဟု ထင်မထားပေ။ ကူယာ ဝန်းကျင်၌ သိပ်သည်းသော ဝိညာဉ်စွမ်းအားများ ရှိနေသောကြောင့် ကောင်းကင်အင်မော်တယ်အဆင့် ဖြတ်ကျော်ပြီး အင်မော်တယ် သဘာဝစွမ်းအားများအဖြစ် ပြောင်းလဲပြီးသည်မှာ သိသာလှသည်။

အင်မော်တယ်တပိုင်းနယ်ပယ်၏ မြေကမ္ဘာအင်မော်တယ်အဆင့် ကျင့်ကြံသူများတွင် အားကောင်းသည့် အခြေခံကောင်းရှိသည့်အတွက် ယုံရင်အစွန်းအဖျားနေရာသို့ ရောက်ရှိပြီးနောက်တွင် ကောင်းကင်အင်မော်တယ်အဆင့် ချက်ချင်း တက်လှမ်းနိုင်သွားသည်မှာ ပုံမှန်ကိစ္စသာ ဖြစ်ပေ၏။ မိုဝူကျီကို အံ့အားသင့်သွားစေသည်က ကူယာ ရှိနေသည့် သင်္ဘောပျံ ဖြစ်သည်။ ထိုသင်္ဘောပျံမှာ သူ့ယာဉ်ပျံထက်ပင် အဆင့်များစွာ ကျော်လွန်နေပြီး အဆင့် ၃ အင်မော်တယ်ပစ္စည်း ထိ ရောက်လုနီးပါး ဖြစ်နေသည်။

ကူယာက မိုဝူကျီကို မြင်လိုက်သည့်အခါ  သူမ မျက်ဝန်း၌ ပျော်ရွင်မှုအ အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် လေးလေးစားစား ဦးညွှတ်လိုက်သည်

“ ကူယာက အစ်ကိုမိုကို နှုတ်ဆက်ပါတယ်။ အစ်ကိုက အင်မော်တယ်လျိုထဲ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးဆိုတာ ကျမ သိနေတယ်။ အခုတော့ တကယ်ကို ဒီလိုဖြစ်နေတာပဲ ”

“ ကူယာ  ငါ့ယာဉ်ပျံနဲ့ ဆက်သွားရအောင် ” ကူယာ၏ အင်မော်တယ် သဘာဝစွမ်းအားများက သိပ်သည်းနေပြီး သူမတွင် အတော်ကောင်းသည့် သင်္ဘောပျံ ရှိနေသည့်အတွက် သူမက ကံကောင်းမှုနှင့် ကြုံတွေ့ခဲ့မှန်း သိသာလှသည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Wo Geschichten leben. Entdecke jetzt