အခန်း (၄၇၈) : စွမ်းအားစက်ကွင်း ချေဖျက်သည့် လက်သီးချက်
မိုဝူကျီ၏ ပုဆိန်လှံရှည် အဝှေ့ဖြင့် ဝတ်စုံနီ ကျင်းရှန်းအဆင့် ကျင့်ကြံသူ၏ မှော်ရတနာတို့ ထိပ်တိုက် တွေ့ဆုံသည့်အခါ ဧရာမ ပေါက်ကွဲမှုကြီး ဖြစ်သွားသည်။
သူက လခြမ်းကွေး ပုဆိန်လှံရှည်မှ အင်အားကို ခံစားမိလိုက်သောအခါ ဝတ်စုံနီ ကျင်းရှန်းအဆင့် ကျင့်ကြံသူက အော်ပြောလိုက်သည် “ ဟန်ကျစ်ချီ ... မင်း ဘာစောင့်နေတာလဲ ”
ထပ်ငြိမ်မနေတော့ဘဲ နောက်ဆုံး ကျင်းရှန်းအဆင့် ကျင့်ကြံသူက လှုပ်ရှားလိုက်သည်။ အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး မိုဝူကျီဆီ ရောက်ရှိလာသည်။ တစ်ချိန်တည်းဆိုသလို သူ့မှော်ရတနာကိုလည်း ဆွဲထုတ်လိုက်သည်။ ဟန်ကျစ်ချီ၏ မှော်ရတနာမှာ ယင်စင်္ကြာ အစုံလိုက် ဖြစ်ပေ၏။ သူတို့ ထွက်ပေါ်လာသည်နှင့် ကျောချမ်းဖွယ် လက်တစုံက သူ့လက်မောင်းကို လာဆုပ်ကိုက်လိုက်သည့်အလား မိုဝူကျီ ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထသွားလေ၏။
မိုဝူကျီက သူ့သတ်မှတ်ချက် သူသိထားသောကြောင့် ဟန်ကျစ်ချီ၏ တိုက်ခိုက်မှုများကို စိတ်ထဲ မထားဘဲ ထိုအလင်းတန်းကို လုံးဝ လျစ်လျုရှုထားလေ၏။ ထို့အစား သူက ဝတ်စုံနီ ကျင့်ကြံသူဆီသာ ဆက်တိုက် တိုက်ခိုက်နေမိသည်။
မိုဝူကျီက ဟန်ကျစ်ချီ တိုက်ခိုက်မှု လျစ်လျူရှုထားသည်ကို မြင်၍ ဝတ်စုံနီနှင့် ကျင့်ကြံသူ၏ အမူအယာမှာ ချက်ချင်း ပြောင်းလဲသွားပေ၏။ သူက မိုဝူကျီသည် ထိုမျှ မကျေမနပ် ဖြစ်နေလိမ့်မည်ဟု တွေးမထားမိပေ။ သူက မိုဝူကျီကို တစ်ခေါက် ချောင်းမြောင်းလုပ်ကြံဖူး၍ ဒဏ်ရာများစွာ ရစေခဲ့သောကြောင့် ထိုလူက သူကိုယ်တိုင် သေမည် ဆိုလျှင်ပင် သူ့အား အမှန်ပင် သတ်ပစ်ချင်နေသည်။
သူက မည်မျှ သတ္တိကောင်းစေကာမူ သူက မိုဝူကျီ၏ လက်သီးချက်ကို ရင်မဆိုင်ရဲပေ။ ထိုလက်သီးချက် အင်အားမှာ အပြင်ပန်းမျှသာ ဖြစ်သော်လည်း လော့ယွင်၏ ပြောင်းလဲမျှခြေ အဆောင်ကို ဖျက်စီးနိုင်ခဲ့ကာ မိုးနှင့်မြေ စည်းမျည်း၏ ဖိနှိပ်မှုကို ခံခဲ့ရသည်။

ESTÁS LEYENDO
လူသားသစ္စာ Translation Book 4 ( 401 - 500)
Fantasíasequence of Book 3 ~~~ All credits given to original author