အခန်း (၄၇၇)

910 138 0
                                    

အခန်း  (၄၇၇)   :   နောက်ကျနေတုန်းပဲ

“ အဲဒီလူက ကျင်းယွင်မြို့တုန်းက သူ မလား  ” ကျင့်ကြံသူ တစ်ယောက်က ဝင်ပြောလိုက်သည်။

ရှင်းပြချက် ထပ်မလိုတော့ဘဲ  အားလုံးက နားလည်သွားကြသည်။ လွန်ခဲ့သည့် ရက်ပိုင်းလောက်က  ကျင်းယွင်မြို့၌ အင်မတန် သောင်းကြမ်းခဲ့သည့် ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ အဆင့်တူအတွင်းက ကျင့်ကြံသူ ရာကျော်ကို သတ်ဖြတ်ပြီး မီးခိုးခုနှစ်ချက်ဂိုဏ်းမှ ဟဲကျွင်းဟူကိုပါ သတ်ပစ်ခဲ့လေသည်။

သူတို့က မိုဝူကျီကို သတိပြုမိပြီးနောက် ကျင့်ကြံသူ အများစုမှာ ယင်ပြန့်မြို့မှ ချက်ချင်း ထွက်ခွာသွားကြသည်။ ပြောထားသည့်အတိုင်း မိုဝူကျီက သူတို့ကို မတားဆီးခဲ့ပေ။

“ ငါ့ ယင်ပြန့်မြို့မှာ ဘယ်သူက လေလုံးလာထွားရဲတာလဲ ”  အသံ မပျောက်ကွယ်သွားခင် အရပ်ရှည်ရှည် ပုံရိပ် တစ်ခုက ယင်ပြန့်မြို့အတွင်းဘက်မှ ထွက်ပေါ်လာသည်။

“ စကြစို့  ” မိုဝူကျီ၏ ပုဆိန်လှံရှည်ကို ထိုထွက်ပေါ်လာသည့် ပုံရိပ်ရှိရာဆီ ဝေ့ယမ်းလိုက်သည်။ ထိုလူမှာ အင်မော်တယ် သဘာဝစွမ်းအားများ ပြည့်လျှံလုမတတ် ဖြစ်နေသည့်အတွက် ကျင်းရှန်းအဆင့် ကျင့်ကြံသူမှန်း သိသာလှသည်။

မိုဝူကျီက စလှုပ်ရှားလိုက်သည်နှင့်  ကူယာက ယင်ပြန့်မြို့အတွင်း ပြေးဝင်သွားလေ၏။  သူမ လမ်းကို လာရှုပ်သော ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူ နှစ်ယောက်မှာ အလင်းတန်းမျှင်လေးဖြင့်   ပိုင်းဖြတ်ခံလိုက်ရသည်။

ကူယာ လှုပ်ရှားသည်နှင့် သူမ အပြုအမူများကို လေ့လာနေသော မိုဝူကျီက သူတို့ အင်မော်တယ်တပိုင်းနယ်ပယ်မှာ ရှိစဉ်ထက် သူမ အင်အားမှာ များစွာ တိုးတက်လာကြောင်း ချက်ချင်း သိလိုက်သည်။

ဟန်ချင်းရုက မြို့တံတိုင်းဆီ သွားကာ ပေသီးကို ကယ်တင်ရန် လုပ်ဆောင်လိုက်စဉ် ထုံယဲ့မှာ ကူယာနောက်မှ လိုက်ပါသွားပြီး ယင်ပြန့်မြို့အတွင်း ဝင်ရန် လုပ်ဆောင်လိုက်သည်။ သူက ဤနေရာကို တစ်ခါ ရောက်ဖူးသည့်အတွက် လော့ချွမ်းဟယ်နှင့် ကျာချီတို့ အဖမ်းခံထားရမည့် နေရာအကြောင်း တွေးမိထားသည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Opowieści tętniące życiem. Odkryj je teraz