လူသားသစ္စာ စာစဉ် (၃၂)
အခန်း (၄၃၃) : ဒေါသူပုန် ထနေသည့် တာအိုသခင်ကွမ်း
ပေသီးအသံတွင် ခိုကိုးရာမဲ့သည့် အရိပ်အယောင်များ ပါဝင်နေပြီး
“ သခင်ပုဆိန်က ကွမ်းချွမ်အပါအဝင် လူတော်တော်များများကို ရန်စမိခဲ့တယ်လေ။ ကွမ်းချွမ်က အပေါ်ယံကသာ ရင်းနှီးဖော်ရွေတဲ့ပုံ ပေါ်နေပေမဲ့ နည်းနည်းလေး နစ်နာရင်တောင် လက်စားချေမဲ့ လူစားမျိုး ပြီးတော့ အကြံကလည်း ကြီးသေးတယ်။ သခင်ပုဆိန် ရှိတုန်းက ကွမ်းချွမ်က ကုန်းဟို့ကြောင့် ဘာမှ မလုပ်ရဲပေမဲ့ အခု သခင်ပုဆိန် သေပြီဆိုတော့ ကွမ်းချွမ်က ကျုပ်တို့ကို သတ်လိမ့်မယ် ....
နောက်တစ်ချက်ကျ ကျုပ်တို့က သခင်ပုဆိန်နောက် အချိန်အကြာကြီး လိုက်ခဲ့တာဆိုတော့ ကွမ်းချွမ်က မသတ်ရင်တောင် ကျုပ်တို့မှာ သွားစရာ တခြားနေရာ မရှိဘူး။ အင်မော်တယ် တပိုင်းနယ်ပယ်ထဲက အဖွဲ့အစည်းတွေလည်း ကျုပ်တို့ကို လက်ခံကြမှာ မဟုတ်ဘူး။ စိတ်စွမ်းအင် ကျောက်ချော မပါဘဲနဲ့ ကျုပ်တို့တွေ ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး .... ”
ပေသီး ပြောပြီးသည့်နောက်တွင် ကူယာက ထပ်ပြောလိုက်သည်
“ အစ်ကိုပေသီးနဲ့ ကျမတို့က အစ်ကိုမိုကို နောင်ကျ အင်မော်တယ်တပိုင်းနယ်ပယ်ကနေ ထွက်သွားနိုင်စွမ်းရှိတဲ့ တစ်ဦးတည်းသော သူ လို့ အသိမှတ်ပြုထားပြီးသားပါ။ အစ်ကိုမိုက နှိမ့်ချခြင်း မရှိသလို မောက်မာခြင်းလဲ မရှိဘူး။ ကိုယ်ပိုင်နိယာမတွေ သတ်မှတ်ထားလို့ ကျမတို့တွေ အစ်ကိုမိုနောက် လိုက်တာက ကျမတို့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်မယ်ဆိုပြီး ခံစားမိလို့ပါ ... ”
“ ကောင်းပြီလေ။ ဒီလိုဆိုမှတော့ ခင်ဗျားတို့ နှစ်ယောက်ကို လက်ခံထားပါ့မယ်။ ကျုပ် တံခါးပိတ် ကျင့်ကြံလိုက်ဦးမယ်။ အဲကြောင့် ကျုပ်နဲ့ နီးတဲ့နေရာမှာ ကိုယ်ပိုင်အိမ်ဆောက်နေကြပေါ့။ ကျုပ် အပြင်ထွက်လာတဲ့အခါ ခင်ဗျားတို့ကို အကြောင်းကြားလိုက်မယ် ...”
မိုဝူကျီက ပေသီးနှင့် ကူယာဆီမှ ရိုးသားမှုကို ခံစားမိလိုက်၍ သဘောတူလိုက်ခြင်း ဖြစ်သည်။
ŞİMDİ OKUDUĞUN
လူသားသစ္စာ Translation Book 4 ( 401 - 500)
Fantastiksequence of Book 3 ~~~ All credits given to original author