အခန်း (၄၅၇)

936 156 2
                                    

အခန်း  (၄၅၇)  :  ကောင်းကင်အင်မော်တယ်အဆင့်ဆီ တက်လှမ်းခြင်း

“ဟုတ်တယ် အဲဒါတွေက အလယ်အလတ်အဆင့် အင်မော်တယ်ကျောက်တွေပဲ။ အဲဒါနဲ့ဆိုရင် ရှင် ကောင်းကင်အင်မော်တယ်အဆင့် တက်လှမ်းနိုင်လိမ့်မယ်...” ဟန်ချင်းရုက ဖြေလိုက်သည်။

မိုဝူကျီက ဝမ်းမြောက်စွာ ပြောလိုက်သည်

“ စီနီယာအစ်မချင်းရု ... ကျုပ် ကောင်းကင်အင်မော်တယ်အဆင့် တက်ဖို့ ပြင်လိုက်ဦးမယ်။ ခင်ဗျားလဲ ဒီမှာနေပြီးတော့ အင်မော်တယ်ဝင်ရိုးဖွဲ့စည်းဖို့ ကြိုးစားကြည့်ပါ့လား ”

“ အာ ” ဟန်ချင်းရုက ခေါင်းခါပြီး မငြင်းခင် ကြောင်အမိသွားသည်  “ ဂျုနီယာမောင်လေးမို ... ရှင်ပဲ အရင်ကျင့်ကြံပါ။ ကျမက အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့ အခု  မလိုသေးပါဘူး ”

အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းသည့် ကိစ္စမှာ ပြောရုံနှင့် ပြီးသွားသည့် ကိစ္စ မဟုတ်ချေ။ အင်မော်တယ်ဝင်ရိုးကျောက်တုံးများစွာ လိုအပ်နေသေးသည် မဟုတ်ပါလော။ သို့သော်လည်း သူမတွင် ကျောက်တုံး တစ်တုံးပင် မရှိချေ။ မိုဝူကျီက အင်မော်တယ်ဝင်ရိုးကျောက်တုံး တစ်တုံးရှိလျှင်ပင် ထိုအရေအတွက်မှာ အင်မော်တယ်ဝင်ရိုး ဖြစ်ပေါ်ဖို့ရာ မလုံလောက်သေးပေ။

မိုဝူကျီက ပြုံးလိုက်ပြီး လက်စွပ်တစ်ကွင်း ထုတ်ယူကာ ဟန်ချင်းရုဆီ ပေးလိုက်သည်

“စီနီယာအစ်မချင်းရု .. ဒီထဲမှာ အင်မော်တယ်ဝင်ရိုးကျောက်တုံးတွေ ပါတယ်။ စိတ်ကြိုက်သုံးပါ။ မလောက်ရင်လည်း ကျုပ်ကို အသိပေး .... ”

ဟန်ချင်းရုက သိုလှောင်လက်စွပ်ကို နားမလည်စွာ ကြည့်လိုက်သည်။ ထို့နောက် စိတ်စွမ်းအား ပို့လွှတ်ပြီး အာရုံခံကြည့်လိုက်သည့်အခါ အလွန်အံ့ဩမိသွားသည်။ ခဏအကြာတွင် သူမက 

“ အင်မော်တယ်ဝင်ရိုးကျောက်တုံး သန်းချီ ရှိနေတာလား ”

မိုဝူကျီက “ အမ်း ” တစ်လုံးတည်း  ပြန်ဖြေလိုက်ပြီးနောက်

“ ကျုပ်က အင်မော်တယ်တပိုင်းနယ်ပယ်က လာတာဆိုတော့ အခြားဟာ မရှိရင်တောင် အင်မော်တယ်ဝင်ရိုးကျောက်တုံးတော့ ရှိတယ် ”

လူသားသစ္စာ Translation Book 4 ( 401 - 500)Hikayelerin yaşadığı yer. Şimdi keşfedin