အခန်း (၄၇၉)

986 155 0
                                    

အခန်း  (၄၇၉)   :       အသက်မဲ့မြစ်အောက်ခြေမှ အင်မော်တယ်အမွေအနှစ်နယ်မြေ

“ ဂျူနီယာမောင်လေးမို  ဒဏ်ရာရလာတာလား ” ဟန်ချင်းရုက မိုဝူကျီ ချောင်းဆိုးသံကို ကြား၍ မေးကြည့်လိုက်သည်။

မိုဝူကျီက ပြန်မဖြေခင် အဆက်မပြတ် ချောင်းဆိုးလိုက်ပြီး

“ ကျုပ် အဆင်ပြေပါတယ်။  အပ်အသေးလေးတွေနဲ့ လူရဲ့ လုပ်ကြံတာကို ခံလိုက်ရရုံပါ။  ဒီနေရာက ထွက်သွားပြီး အဲဒါကို ထုတ်လိုက်ရင် အဆင်ပြေသွားမှာပါ ”

“ ဟူး  .... အစ်ကိုခို့ယွန်ကို ဆွဲသွင်းမိတာ ကျုပ် အမှားပါ ” လော့ချွမ်းဟယ်က စိတ်ဓာတ်ကျနေပုံ ပေါ်သည်။

ကူယာ ပြန်ရောက်လာသည်ကို မြင်၍ မိုဝူကျီက လော့ချွမ်းဟယ်နောက်ကျောကို ပုတ်ကာ 

“ အစ်ကိုခို့ယွန်အတွက် ကျုပ်တို့တွေ လက်စားချေပေးမှာပါ။ လောင်ချိုက် ဘယ်နေရာမှာ သွားပုန်းပုန်း ယုံရင်အစွန်းအဖျားနေရာမှာ  ရှိနေဦးမှာပဲ။ ကျုပ်တို့တွေ  ဒီနေရာမှာ ကြာကြာဆက်နေလို့ မကောင်းဘူး။ ချက်ချင်း ထွက်သွားရအောင် ”

မိုဝူကျီက သူ့ဆီ ရှိနေသည့် အသက်ဓာတ် ဆွဲငင်ရိုက်ချက်မှာ အတော်လေး ပြင်းထန်ကြောင်း ခံစားမိသည်။ သူ့အသက်ဓာတ် လမ်းကြောင်းပင် ထိုအရာကို လုံးဝ ဖိနှိပ်မထားနိုင်ပေ။ ကျင်းရှန်းအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်နိုင်သည့် တစ်ဦးတည်းသောသူမှာ သူ ဖြစ်၍ သူသာ မတိုက်ခိုက်နိုင်တော့လျှင်  ဤနေရာ၌ ဆက်နေနေဖို့ရာ အလွန်အန္တရာယ်များပေသည်။

မိုဝူကျီ၏ ညွှန်ကြားချက်များကို ကြားပြီး ကူယာက သင်္ဘောပျံကို အလျှင်အမြန် ထုတ်လိုက်သည်။ လူများ တက်ပြီးနောက် မကြာခင် သူတို့ ယင်ပြန့်မြို့မှ အဝေးတစ်နေရာသို့ ဦးတည်ကာ ပျံသန်းသွားတော့သည်။

....................

လဝက်အကြာတွင် မိုဝူကျီက သေးနုတ်နုတ် အပ်တစ်ချောင်းကို ဆွဲထုတ်နိုင်ခဲ့သည်။ မျက်လုံးသပ်သပ်ဖြင့် မြင်နိုင်ဖို့ရာ အလွန်သေးငယ်လှပေသည်။ ထိုအပ်ချောင်း၏ အကျယ်မှာ ဆံချည်မျှင်၏ ဆယ်ပုံတစ်ပုံမျှသာ ရှိ၏။

လူသားသစ္စာ Translation Book 4 ( 401 - 500)Tempat cerita menjadi hidup. Temukan sekarang