အခန်း (၄၁၉)

1K 157 0
                                    

လူသားသစ္စာ စာစဉ် (၃၁)
ဘာသာပြန်ဆိုသူ ...... ကြည်ဖြူ (ရိုးရာ)

အခန်း  (၄၁၉)  :  သေမင်းမိုင်းတွင်းထဲ ဝင်ရောက်ခြင်း

“ အခြားတစ်ဖက်ကို အင်မော်တယ် လောကလို့တော့ ခေါ်ကြတယ်။ တကယ် ဟုတ်လား၊ မဟုတ်လားတော့ တစ်ယောက်မှ မရောက်ဖူးတော့ မှန်၊ မမှန် မသိဘူး ” ဆရာကြီးဖူကျိက ပြန်ဖြေလိုက်သည်။

“ဆရာကြီးဖူကျိ  အဲဒါဆိုရင် တာအိုသခင်ဝူက အင်မော်တယ်လျိုကို ဖြတ်ဖို တိုက်သင်္ဘော တည်ဆောက်နေတဲ့ သတင်းထွက်သွားတက သတင်းပေးလိုက်တဲ့သူ ရှိလို့ပေါ့။

ပြီးတော့ အင်မော်တယ်တပိုင်းနယ်ပယ်က ကျောက်တုံးနက်တွေကို ဝယ်တဲ့သူတွေက အင်မော်တယ်နယ်မြေက လူတွေပဲ မလား။ အဲဒီစိတ်စွမ်းအင် ကျောက်ချောတွေက အင်မော်တယ်လောက ကလား။

ဟုတ်နေတယ်ဆိုရင်တော့ ကျုပ် အတော်လေး စိတ်ရှုပ်သွားပြီ။ အင်မော်တယ်နယ်မြေက လူတွေ ကိုယ်တိုင်လာပြီး တူလို့ ရနေတာပဲ မဟုတ်ဘူးလား ” မိုဝူကျီက မေးခွန်းများ ဆက်တိုက် မေးလိုက်ပြီးနောက် အတွေးများ ချိတ်ဆက်မိသွားလေသည်။

အင်မော်တယ်တပိုင်းနယ်ပယ်မှ တစ်နေရာကို ကြည့်နေရင်း ဆရာကြီးဖူကျိက သက်ပြင်းချကာ

“ ကျုပ်အတွေးလဲ ခင်ဗျားလိုပဲ။ သတင်းပေး ရှိတာ ဖြစ်နေနိုင်တယ်။ သတင်းပေးတဲ့သူကို အခုလက်ရှိ တာအိုသခင် ကွမ်းချွမ်နဲ့ အင်မော်တယ် ဖွေရှာရေး အဖွဲ့အစည်းခေါင်းဆောင် မုန့်ထျန်းယွီတို့လို့  ထင်တယ် ”

“ ဘာလို့လဲ။ သူတို့က အင်မော်တယ် နယ်မြေကို မသွားချင်ကြဘူးလား ” ကျာချီက မျက်မှောင်ကျုတ်ကာ မေးလိုက်သည်။

ဆရာကြီးဖူကျိက အေးစက်စက် ရယ်မောလိုက်ရင်း 

“ အောက်တန်းစား စိတ်ဓာတ်ကို ကျုပ်တို့တွေ ဘယ်လိုများ နားလည်နိုင်ပါ့မလဲ။ ဒါပေမဲ့ တာအိုသခင်ဝူနဲ့ ကွမ်းချွမ်ကြား ရန်ကြွေးရှိတာတော့ ကျုပ် သိတယ်။ အဲဒါက သူ့တာအိုမိတ်ဖက်ကို အလုခံလိုက်ရပြီးတော့ တာအိုသခင်ဝူ အခန်းထဲ သေသွားခဲ့လို့ပဲ ”

မိုဝူကျီက အနည်းငယ် သံသယဝင်မိသွားသည်။ တာအိုသခင်ဝူမှာ အင်မော်တယ်တပိုင်းနယ်ပယ်၏ ခေါင်းဆောင် ဖြစ်ကာ ဂုဏ်သိက္ခာကြီးမားပေသည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Nơi câu chuyện tồn tại. Hãy khám phá bây giờ