အခန်း (၄၆၆)

994 143 0
                                    

အခန်း   (၄၆၆)  :    လက်သီးချက် စွမ်းအား စက်ကွင်း

မိုဝူကျီ၏ အမူအယာမှာ ပြောင်းလဲသွားပေ၏။ အင်မော်တယ် ကူးသန်းရေး သင်္ဘောပေါ်တွင် လူများစွာ ရှိသော်လည်း မိုဝူကျီက လော့ချွမ်းဟယ်နှင့် အရင်းနှီးဆုံး ဖြစ်၏။ သူတို့နှစ်ယောက်လုံးမှာ ကြယ်တာရာသခင်များ ဖြစ်နေ၍ မဟုတ်ဘဲ  ပို၍ အရေးကြီးသည်မှာ လော့ချွမ်းဟယ်က ပွင့်လင်းသည့်သူ ဖြစ်သည့်အတွက် သူ့မိတ်ဆွေစစ်အဖြစ် ယူဆ၍ ရပေ၏။

“ကျာချီက အားလုံးကို အကြောင်းကြားထားပြီးပြီလား ” မိုဝူကျီက ယုံရင်အင်မော်တယ်နယ်မြေနှင့် ရင်ဆိုင်ရန် လုံလုံလောက်လောက် အားမကောင်းသေးမှန်း သိသော်ငြား  အင်မော်တယ်တပိုင်းနယ်ပယ်မှ လာသူများတွင် သူက အားအကောင်းဆုံးထဲမှ တစ်ယောက်ဖြစ်ပေသည်။ ထို့ကြောင့်  ကျာချီက အားလုံးကို အကြောင်းကြားထားသည် ဆိုလျှင် ကျန်လူများက လော့ချွမ်းဟယ်ကို ကယ်တင်နိုင်မည် မဟုတ်ပေ။

ထုံယဲ့က ခေါင်းညိတ်ကာ 

“ အင်း  ... ကျုပ်တို့တွေ ကျာချီကို မြင်တော့ သူမက အားလုံးကို အကြောင်းကြားထားတယ် ပြောတယ်။ ဒါပေမဲ့ နှစ်ယောက်တော့  ရောက်မလာဘူး ”

“ အဲနှစ်ယောက်က ဘယ်သူလဲ  ” မိုဝူကျီက မေးလိုက်သည်။

“ ပေသီးနဲ့ အမြဲတမ်း ရှိနေတဲ့ ကောင်မလေး ကူယာ ရောက်မလာသေးတာ။ ပေသီးပြောတာတော့ ကူယာနဲ့ သူလည်း အနီးအနားက မြို့ရောက်တော့ လမ်းခွဲလိုက်ကြတယ်တဲ့။ အဲဒီအချိန်ကတည်းက သူမကို ဆက်သွယ်လို့ မရတော့တာပဲ။ နောက်တစ်ယောက်က ဆရာကြီးဖူကျိပဲ ” ထုံယဲ့က ပြန်ဖြေလိုက်သည်။

“ ကျန်လူတွေကရော ” မိုဝူကျီက သူ့ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထလာမှုကို ခံစားလိုက်ရသည်။

ထုံယဲ့က စိတ်အားငယ်စွာ  ပြောလိုက်သည်

  “ ကျုပ်အစ်ကိုက နံရိုးတစ်ချောင်း ကျိုးသွားတယ်။ သေတာမှ ပိုကောင်းပါသေးတယ်ဗျာ။ ပြီးတော မြို့အဝင်ဝမှာ ပေသီးရဲ့ ကျင့်ကြံဆင့်ကို ဖျက်စီးခံလိုက်ရတယ်။  ခို့ယွန်က အသတ်ခံလိုက်ရပြီးတော့ ကျာချီကိုတော့ အရှင်ဖမ်းသွားတယ်။  ကျုပ် တစ်ယောက်တည်း လွတ်လာတာ ”

လူသားသစ္စာ Translation Book 4 ( 401 - 500)Tempat cerita menjadi hidup. Temukan sekarang