chapter 439 (z)

728 80 0
                                        

လူသားသစ္စာ စာစဉ် (၃၂)

အခန်း (၄၃၉)  :  မကယ်နိုင်တော့ဘူး

လော့ချွမ်းဟယ်က မတ်တပ်ရပ်ကာ ဆရာကြီးဖူကျိဆီ လက်နှစ်ဖက် ယှက်ကာ   “ ညီလေးမိုဆီ ဘာပဲ ဖြစ်ဖြစ် ကျုပ်တော့ ပြန်သွားပြီး ရှာဖို့အကြံပေးချင်တယ်။ ညီလေးမိုကြောင့်သာ မဟုတ်ရင် ကျုပ်တို့တွေ ဒီနေရာကို လာဖို့ အခွင့်အရေးတောင် ရလာမှာ မဟုတ်ဘူး ”

ဆရာကြီးဖူကျိက တိတ်ဆိတ်နေလေ၏။ အင်မော်တယ် ကူးသန်းရေး သင်္ဘောကို ပြန်လှည့်လိုက်သည်နှင့် သူတို့ကိုယ် သူတို့ အန္တရာယ်ပေါင်း အဆများစွာ များသည့် အထဲ သွားသလို ဖြစ်နေလိမ့်မည်မှန်း သိသည်။

သင်္ဘောအတွင်းမှ လေထုမှာ အနည်းငယ် နေရခက်လာကာ အားလုံးက ဆရာကြီးဖူကျိ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြဟန် ပေါ်သည်။

အသက်ရှုကြိမ် ဆယ်ကြိမ်အကြာတွင် ဆရာကြီးဖူကျိက ဆုံးဖြတ်ချက် မချနိုင်သေးပေ။ လော့ချွမ်းဟယ် မျက်ဝန်း၌ စိတ်ပျက်မှုများ ဖြတ်ပြေးသွားကာ သူက ချက်ချင်း ပြောလိုက်သည်  “ ဒီလိုဆိုမှတော့ အင်မော်တယ် ကူးသန်းရေး သင်္ဘောပေါ်ကနေ ကျုပ်ကို သွားခွင့်ပေးပါ။ ကျုပ် ညီလေးမိုကို သွားရှာချင်တယ် ... ”

ဆရာကြီးဖူကျိက အသက်ပြင်းပြင်းရှုကာ အားလုံးကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူက ပြန်ဖြေလိုက်သည်  “ အားလုံး ... ကျုပ်က ဆုံးဖြတ်ချက် မချနိုင်ဘူး။ အားလုံးလဲ သိမှာပါ ဒီသင်္ဘော နောက်ပြန်လှည့်ရင် ကျုပ်တို့တွေ ယင်မီးတောက် ကင်းခြေများဥတွေနဲ့ ပြန်တွေ့နိုင်ချေလဲ ရှိတယ်
ပြီးတော့  ကျုပ် မပြောရသေးတဲ့ တစ်ချက် ရှိသေးတယ်။ အင်မော်တယ်လျိုထဲမှာ မတည်မငြိမ် ဖြစ်နေတဲ့ သဘာဝတွေ ရှိသေးတယ်။ ကျုပ်တို့ သင်္ဘောက လျှပ်တစ်ပြက် ပျံသန်းလာတာဆိုတော့  အဲဒါတွေက ပေါ်မလာပေမဲ့ ကျုပ်တို့ ပြန်သွားတဲ့အခါ ပြောဖို့တော့ ခက်တယ်။ ပထမတစ်ကြိမ် ဖြတ်တုန်းက သူတိုကို သတိပေးသလိုလည်း ဖြစ်သွားနိုင်တယ် ... ”

ဆရာကြီးဖူကျိက ပြောလိုက်ပြီးနောက်  ခဏရပ်ကာ  “ အဲဒါကြောင့် ကျုပ်တို့တွေ မဲခွဲ ဆုံးဖြတ်ရအောင်။ တာအိုရောင်းရင်းမိုကို ရှာဖို့ နောက်ပြန်လှည့်ချင်ရင် လက်ထောင်ကြပါ။ အဲလိုမလုပ်ချင်တဲ့သူကတော့ ဘာမှမလုပ်ပါနဲ့ ... ”

လူသားသစ်စာ Translation Book 4 ( 401 - 500)Onde histórias criam vida. Descubra agora