အခန်း (၄၃၄)

1K 166 0
                                    

လူသားသစ္စာ စာစဉ် (၃၂)

အခန်း  (၄၃၄)  :  ကောင်းကင်အင်မော်တယ်၏ မိုးကြိုးစမ်းသပ်ချက်

မိုဝူကျီ သေမင်းမိုင်းတွင်းထဲ လှမ်းလိုက်သည်နှင့် အရောင်မဲ့မျှော့များ လောင်ကျွမ်းသွားသံကို သူ့ပညာရှင်မီးတောက် အကာအရံအပြင်ဘက်မှ ဆက်တိုက် ကြားနေရသည်။ ပေသီးနှင့် ကူယာတို့မှာ အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ယောက်မျက်လုံးထဲမှ အံ့ဩမှုကို အထင်းသား မြင်နေရသည်။

ထိုစဉ် သူတို့နှစ်ယောက်က မိုဝူကျီ အဖွဲ့ထဲ ဝင်ရန် ဆုံးဖြတ်ချက် မှန်မှန် ချနိုင်ခဲ့သည့်အတွက် စိတ်ထဲမှာ  ပျော်ရွင်မိနေကြသည်။ မိုဝူကျီက သေမင်းမိုင်းတွင်းထဲ ထိခိုက်ဒဏ်ရာမရှိ ဝင်သွားနိုင်သောကြောင့် နောင်အခါ၌ သူ မသွားနိုင်မည့် နေရာ မရှိလောက်တော့ပေ။ တစ်ရက်ရက်ျက သူက အင်မော်တယ်နယ်မြေအထိ သွားနိုင်ပေလိမ့်မည်။

အင်မော်တယ်တပိုင်းနယ်ပယ်တွင် မြေကမ္ဘာအင်မော်တယ်အဆင့် ကျင့်ကြံသူများစွာ ရှိသော်လည်း အများစုမှာ သူတို့အသက်ရှင်ဖို့ရာအတွက် စိတ်စွမ်းအင် ကျောက်ချော လဲလှယ်ရန် ကျောက်တုံးနက်သာ နေ့တိုင်း တူးနေကြသည်။ ဤနေရာရှိ အားလုံးမှာ သူတို့ အင်မော်တယ်တပိုင်းနယ်ပယ်တွင် ဆက်နေသရွေ့ သူတို့အတွက် အနာဂတ်မရှိကြောင်း သိကြ၍ တစ်ရက်ရက်ကျ အင်မော်တယ်နယ်မြေကို သွားနိုင်ဖို့သာ မျှော်လင့်ထားကြသည်။

“ ကျုပ် ကျောက်တုံးနက် သုံးတုံးရှိတဲ့ နေရာတွေ့လိုက်တယ် ” နာရီအတော်ကြာ လမ်းလျှောက်လာပြီးနောက် ပေသီးက စိတ်လှုပ်ရှားစွာ ထပြောလိုက်သည်။

သူက သေမင်းမိုင်းတွင်းတွင် ကျောက်တုံးနက်များစွာ ရှိကြောင်း သိသော်လည်း ထိုမျှ များများစားစား ရှိနေလောက်မည်ဟု ထင်မထားပေ။ အချိန်တိုအတွင်း သူက ကျောက်တုံးနက် သုံးတုံး ရှာနိုင်ခဲ့ပြီး ထိုကျောက်တုံးများမှာ မြေအောက် နှစ်မီတာခန့်သာ နက်လေ၏။

ထုံယဲ့က ပေသီးစကားပကို ကြားသောအခါ အော်ရယ်ကာ  “ ညီအစ်ကိုပေသီး ....  ကျုပ်တို့တွေ ကျောက်တုံးနက် သုံးတုံးအတွက်နဲ့ ရပ်ပြီး တူးနေမဲ့အစား ကျုပ်တို့ ညီအစ်ကိုမိုက အဲဒီအချိန်ကို ကျင့်ကြံဖို့ပဲ သုံးလိမ့်မယ် ... ”

လူသားသစ္စာ Translation Book 4 ( 401 - 500)Donde viven las historias. Descúbrelo ahora