လူသားသစ္စာ ၃၃
အခန်း (၄၅၄) : နောက်မှ အလိုက်ခံရခြင်း
ထိုစဉ် မိုဝူကျီက တစ်ဖက်လူ၏ စွမ်းအား စက်ကွင်းကို အကောင်းဆုံးချိုးဖျက်နိုင်ပြီး ပိုအားကောင်းသည့် စက်ကွင်းကို ထုတ်သုံးရန် ကြံလိုက်သော်လည်း သူ့တွင် ထိုသို့အကွက်မျိုး ရှိပင် မရှိသည့်အတွက် မည်သို့ လုပ်ဆောင်ရမည်နည်း။
“ တော်တော့ ... ကျမ ရှင်တို့နောက် လိုက်ခဲ့မယ် ” မိုဝူကျီ ချုပ်နှောင်ခံနေရသည်ကို မြင်၍ ဟန်ချင်းရုက စိတ်ဓာတ်ကျနေမိသည်။ သူမက ကျောက်စိမ်းနှင်တံကို ထုတ်ကာ ရှေ့တက်လာသည်။ သို့သော်လည်း သူမက ခြေလှမ်း အနည်းငယ်သာ လှမ်းရသေးသော်လည်း ကျိကျောက်၏ တားဆီးမှုကို ခံလိုက်ရသည်။
မိုဝူကျီ၏ ၁၀၇ ခုသော ချီသွေးကြောတို့မှာ အသည်းအသန် ပြောင်းပြန်လှည့်ပတ်နေကြသည်။ သူ့နားမှ သဘာဝစွမ်းအားများက လှိုင်းကြီးများအလား ထွက်ပေါ်လာသည်။ အကယ်၍ သူက တစ်ဖက်လူ၏ စွမ်းအား စက်ကွင်းကို မချိုးဖောက်နိုင်ပြီး မလှုပ်ရှားနိုင်လျှင် သူက သေခြင်းနှင့် အဆုံးသတ်သွားလိမ့်မည်။
“ ဘုန်း ” မိုဝူကျီ ခန္ဓာမှ မှိန်ဖျော့ဖျော့ အလင်းတန်းလေး ထွက်ပေါ်လာ၏။ ထိုအလင်းမှာ ရောင်စုံသက်တန့်ကဲ့သို့ ပွင့်ထွက်လာကာ ကျိယန်၏ စွမ်းအားစက်ကွင်းကို တစစီ ဖျက်စီးပစ်လိုက်သည်။
“ အဆင့်လွန်ဆုံးရဲ့ ဝိညာဉ်စွမ်းအား စက်ဝန်းလား ” ကောင်းကင်အင်မော်တယ် တစ်ယောက် ဖြစ်သောကြောင့် မိုဝူကျီဆီမှ ထွက်ပေါ်လာသော သက်တန့်ရောင် ဝိညာဉ်စွမ်းအားများအကြောင်း သေချာသိပေ၏။ ထိုအရာမှာ ကောင်းကင်အဆင့်၏ အဆင့်လွန်ဆုံး အဆင့်ဖြစ်သည့် ဝိညာဉ် စွမ်းအား စက်ဝန်း ဖြစ်ပေသည်။
အဆင့်လွန်ဆုံး အဆင့်ဖြစ်သည့် ဝိညာဉ် စွမ်းအား စက်ဝန်းက ကျိယန်၏ စွမ်းအား စက်ကွင်းကို တစစီ ဖြဲလိုက်သည့်အခါ မိုဝူကျီက ချက်ချင်းဆိုသလို ပေါ့ပါးသွားသည်။ ထို့နောက် သူက နိဗာနတုတ်အရိပ်ကို ထုတ်ဖော်လိုက်သည့်အခါ ကျိယန်နောက်မှ လျို့ဝှက်တုတ်တံဆင့်ကဲရိုက်ချက် ပေါ်လာလေ၏။
CZYTASZ
လူသားသစ္စာ Translation Book 4 ( 401 - 500)
Fantasysequence of Book 3 ~~~ All credits given to original author