အခန်း (၄၂၀)

1K 151 0
                                    

လူသားသစ္စာ စာစဉ် (၃၁)
ဘာသာပြန်ဆိုသူ ..... ကြည်ဖြူ (ရိုးရာ)

အခန်း (၄၂၀)  :  ကျောက်တုံးနက် အပုံလိုက်

“တာအိုရောင်းရင်းမို ပြောတာ မှန်တယ်။ ဒီနေရာမှာ အစီအရင်အရိပ်အယောင်တချို့ ကျန်နေသေးတယ်။ ဒါပေမဲ့ ကျုပ်တော့ အရောင်မဲ့မျှော့တွေကို အစီအရင်နဲ့ တားထားတယ်လို့ မကြားဖူးသေးဘူး။ ဘယ်လိုလူကများ ဒီမှာ အစီအရင် လုပ်ထားတာပါ့လိမ့် ” ဆရာကြီးဖူကျိက စဉ်းစားရင်း ပြန်ဖြေလိုက်သည်။

ဆရာကြီးဖူကျိအတွက် ကျောက်တုံးနက်   ရရှိရေးက နောက်တန်းဖြစ်ကာ မပြီးစီးသေးသည့် တိုက်သင်္ဘောကို အပြီးသတ်ရေးက ဦးစားပေး ဖြစ်သည်။

မိုဝူကျီက ခေါင်းခါကာ

“ မဟုတ်သေးဘူး။ အဲဒီလူမှာလည်း ကျုပ်လိုမျိုး အင်မတန် အားကောင်းတဲ့ မီးတောက်မျိုး ရှိနေတယ်။ သူက အစီအရင်ကနေတဆင့် အရောင်မဲ့မျှော့တွေကို မောင်းထုတ်နိုင်လိမ့်မယ် ”

မိုဝူကျီ စကားမဆုံးခင် ဆရာကြီးဖူကျိက ဝင်ဖြတ်ပြောလိုက်သည်

“ တာအိုရောင်းရင်းမို ...  ခင်ဗျားလည်း အစီအရင်သုံးပြီးတော့ အရောင်မဲ့မျှော့တွေကို တားထားနိုင်လား။ ဒီနေရာကို ကျောက်တုံးနက် ရှာဖို့အပြင် တိုက်သင်္ဘော အပြီးသတ်ဖို့အတွက် သုံးဖို့ ကြံထားတာလား ”

အကယ်၍ မိုဝူကျီသာ ထိုသို့ လုပ်ဆောင်ပေးပါက သူ့အတွက် သေမင်းမိုင်းတွင်းနေရာ၌ တိုက်သင်္ဘောအပြီးသတ်ဖို့ရာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာလိမ့်မည်။

“ ဟုတ်တယ် အဲလို ရည်ရွယ်ထားတာ။ ဘယ်လိုထင်လဲ ” မိုဝူကျီက ဆရာကြီးဖူကျိကို ကြည့်ကာ မေးလိုက်သည်။

ဆရာကြီးဖူကျိ စိတ်ထဲတွင် မိုဝူကျီ အတွေးများကို ချက်ချင်း နားလည်သွားသည်။ အကယ်၍ မိုဝူကျီက သေမင်းမိုင်းတွင်းနေရာ၌ ထိုသို့မျိုး အစီအရင် ချထားမည်ဆိုလျှင် သူက စိတ်အေးလက်အေး တိုက်သင်္ဘော အပြီးသတ်နိုင်သလို နောက်တစ်ချက်က သူ့အား ထွက်မသွားစေရန် ကာကွယ်ထားခြင်းလည်း ဖြစ်ပေသည်။ တိုက်သင်္ဘော ပြီးဆုံးသွားသညနောက်တွင်ပင် သူက မိုဝူကျီ၏ ခွင့်ပြုချက် မရှိဘဲ ဤသေမင်းမိုင်းတွင်းမှ ထွက်သွားနိုင်မည် မဟုတ်ပေ။

လူသားသစ္စာ Translation Book 4 ( 401 - 500)Donde viven las historias. Descúbrelo ahora