အခန်း (၄၉၄)

922 160 1
                                    

လူသားသစ္စာ  ၃၆

အခန်း  (၄၉၄)  :  ခက်ခဲသည့် တိုက်ပွဲ

မိုဝူကျီက ထိုလူ့ကို ပြန်ဖြေဖို့ရာ စိတ်ထဲ မထားဘဲ  တျန်းဂျီတုတ်ကို ဆွဲထုတ်လိုက်သည်။

ရွမ်ရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျီသည် သူ့စကားများ ကြားသည့်အခါ ထွက်ပြေးဖို့ရာ ကြိုးစားလိမ့်မည်ဟု မျှော်မှန်းထားကာ သူ ထွက်ပြေးလိုက်သည်နှင့် ရွမ်ရှန်းအဆင့် ကျင့်ကြံသူက ချုပ်နှောင်လိုက်မည် ဖြစ်၏။ သူက မိုဝူကျီ အနေနှင့်  သူ့အား ပြန်တိုက်ခိုက်ရဲလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုသူမှာ မိုးကြိုးစမ်းသပ်ချက် ခံယူပြီးခါစ ကျင်းရှန်းအဆင့် ကျင့်ကြံသူမျှသာ ဖြစ်ပြီး အင်မော်တယ် အရှိန်အဝါများလည်း ထွက်ပေါ်မနေပေ။

“ မင်းက ငါ့ကျင့်ကြံဆင့်ကို မသိဘူးမလား ” ဤရွမ်ရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျီသည် သူ့ကျင့်ကြံဆင့်ကို မပြောနိုင်၍သာ ထိုသို့ လုပ်ရန် သတ္တိရှိလိမ့်မည် ဖြစ်ကြောင်း တွေးမိသွားသည်။

မိုဝူကျီက ထိူသူထံ  တုတ်ကို ဝှေ့ယမ်းလိုက်ရင်း  “ လေပေါမနေစမ်းပါနဲ့ လာတိုက်စမ်းပါ ..... ”

“ ဝှီး ”

လေဟုန်ကို ခွင်းသွားသည့် ပုံရိပ်တစ်ခု ပေါ်လာပြီး  ရွမ်ရှန်းအဆင့် ကျင့်ကြံသူဆီ ရောက်ရှိလာသည်။ မိုဝူကျီက  ထိုတိုက်ခိုက်မှု၌ သူ့အင်မော်တယ်စွမ်းအာ ငါး ရာခိုင်နှုန်းလောက်သာ ထည့်သုံးထားပေသည်။ သူက သူနှင့် ရွမ်ရှန်းအဆင့် ကျင့်ကြံသူကြားမှ ကွာခြားချက်ကို  စမ်းသပ်လို၍ ဖြစ်သည်။ သူက ထိုကွာခြားချက်ကို မယူနိုင်ပါက  ချက်ချင်း ထွက်သွားမည် ဖြစ်၏။

“ ဘယ်လိုတောင်လား ” ဤရွမ်ရှန်းအဆင့် ကျင့်ကြံသူက  ဒေါသူပုန်ထသွားပြီး မိုဝူကျီ တျန်းဂျီတုတ်နှင့် ရင်ဆိုင်ဖို့ရာ အဖြူရောင် အလင်းတန်းတစ်ချက် ပစ်လွှတ်လိုက်သည်။

လွန်ကဲလာသည့် အအေးဓာတ်က မိုဝူကျီ ခန္ဓာဆီ စိမ့်ဝင်လာရင်း  ထိုများပြားလှသည့် အင်မော်တယ်စွမ်းအားများကြောင့် မိုဝူကျီမှာ လွှင့်စင်သွားတော့သည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Opowieści tętniące życiem. Odkryj je teraz