အခန်း (၄၇၁)

937 145 2
                                    

အခန်း  (၄၇၁)  :  ပေါက်ကွဲစေတတ်သော မီးတောက်

“ အင်မော်တယ်ဝင်ရိုးကျောက်တုံး နှစ်သိန်း တစ်သောင်း ” မိုဝူကျီက တုံ့ဆိုင်းမနေဘဲ ထပ်လေလံခေါ်လိုက်သည်။

“ ကောင်းတယ် ကောင်းတယ် ကောင်းတယ် ..... ” အခန်းငယ်လေးထဲမှ  ကျင်းရှန်းအဆင့် ကျင့်ကြံသူက  စကားတစ်လုံးတည်းကို သုံးကြိမ် ပြောလိုက်ပြီးနောက် တိတ်ဆိတ်သွားတော့သည်။ သို့သော်လည်း  အရူးပင် သူ့အသံထဲမှ ပေါက်ကွဲမှုနှင့် သတ်ဖြတ်လိုစိတ်များကို ခံစားမိလိမ့်မည်။ ဤကျင်းရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျီကို မည်မျှ မုန်းတီးနေကြောင်း ခန့်မှန်းကြည့်၍ ရပေသည်။

အကယ်၍ လေလံပွဲ စည်းမျည်းများကြောင့်သာ မဟုတ်လျှင် သူက မိုဝူကျီကို နေရာမှာတင် သတ်မိလိမ့်မည်။

ဤသို့သော ယုံရင်အစွန်းအဖျားနေရာတွင် အင်မော်တယ်ကျောက် နှစ်သန်းမှာ သေချာပေါက် အံ့မခန်း ပမာဏ ဖြစ်ပေသည်။ ကျင်းရှန်းအဆင့် ကျင့်ကြံသူပင် လေလံထပ်မဆွဲနိုင်မှတော့ မည်သူမျှ ထပ်မဆွဲနိုင်သည်က ပုံမှန် ဖြစ်လေ၏။ အံ့ဩစရာ မလိုဘဲ မိုဝူကျီက ထိုလခြမ်းကွေး ပုဆိန်လှံရှည် ဓားသွား အစိတ်အပိုင်းကို ရရှိသွားတော့သည်။

အင်မော်တယ်ဝင်ရိုးကျောက်တုံးများကို ပေးချေပြီးနောက် မိုဝူကျီက ထရပ်လိုက်သည်။ အားလုံးက မိုဝူကျီသည် ချက်ချင်း ထွက်သွားတော့မည်ဟု ထင်လိုက်ကြသည်။

ကျင့်ကြံသူ အများအပြားလည်း ထရပ်ရန် ပြင်လိုက်ကြသည်။ မိုဝူကျီတွင် ရတနာများစွာ ရှိနေရုံမက သူ့တွင် အင်မော်တယ်ဝင်ရိုးကျောက်တုံးများစွာလည်း ရှိနေသေးသည်။ အကယ်၍ သူတို့က သူ့ချမ်းသာမှု တစိတ်တပိုင်းသာ ရနိုင်လျှင် သူတို့အတွက် ပွပေါက်တိုးသွားလိမ့်မည်။

လီယွဲ့က မိုဝူကျီကို ကြည့်လိုက်ပြီး သူမစိတ်ထဲ၌ သက်ပြင်းချမိလိုက်သည်။ ထို့နောက် သူမက ဆက်ပြောလိုက်သည်

“ အခု ကျမတို့  လေလံတင်မဲ့ ပစ္စည်းက အဆင့် ၄ အင်မော်တယ် ပစ္စည်း စိတ်ကူးယဉ်မောင်းပါ။

ဒီဟာက တခြားပစ္စည်းတွေနဲ့ ကွဲပြားပါတယ်။ ဒါက တိုက်ပွဲအတွင်း တစ်ဖက်လူကို ထိန်းချုပ်စေနိုင်သည့် မြင်ကွင်းများကို ဖန်တီးပေးနိုင်ပါတယ်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Où les histoires vivent. Découvrez maintenant