အခန်း (၄၁၆)

991 159 1
                                    

လူသားသစ္စာ စာစဉ် (၃၀) ပြီးပါပြီနော်
ဘာသာပြန်ဆိုသူ  ..... ကြည်ဖြူ (ရိုးရာ)

အခန်း (၄၁၆) :    သွေးအန်ခြင်း

ဧရာမ ပေသီးတွက်ခုံက လှောင်ချိုင့်အလား မိုဝူကျီဆီ ကျရောက်လာကာ မိုဝူကျီ ခေါင်းအထက် တစ်နေရာလုံးကို ပိတ်လှောင်ထားလေ၏။ မိုဝူကျီက ထိုအခါမှ ပေသီးတွက်ခုံတွင် ပေသီးတစ်လုံးမှ မရှိကြောင်း သတိပြုမိလိုက်သည်။

ထို့နောက် ပေသီးဆယ်လုံးကျော်က အတန်းလိုက်ကြီး မိုဝူကျီ နောက်ဆုတ်မည့် လမ်းကြောင်းကို ပိတ်ထားသည်။

မိုဝူကျီက တျန်းဂျီတုတ်ကို ယမ်းလိုက်ရင်း ထိုကျင့်ကြံသူဆီ သွားဖို့ရာ ပြင်ဆင်ထား၏။

အစပိုင်း တိုက်ခိုက်ရန် ပြင်ဆင်ထားသော သခင်ပုဆိန်ပင် မိုဝူကျီ အကွက်များကို မြင်လိုက်သောအခါ သူက ကူယာမှာ မိုဝူကျီကို အထင်ကြီးမိနေကြောင်း ခံစားမိလိုက်သည်။

ဤနေရာ၌ အားလုံး၏ စိတ်စွမ်းအားများကို ကန့်သတ်ထားသည့်အတွက် မိုဝူကျီက လုပ်နိုင်စွမ်း ရှိလျှင်ပင် ပေသီးဆီ ချီတက်သွားခြင်းက သူ့ကိုယ်သူ ပေသီးတွက်ခုံ၏ ပေသီးကွန်ယက်ကြား ပိတ်မိသွားစေလိမ့်မည်။

သခင်ပုဆိန် ကိုယ်တိုင်ပင် ထိုပေသီးကွန်ယက်ကြား ပိတ်မိနေလျှင် အချိန်တိုအတွင်း မလွတ်မြောက်နိုင်ရာ မိုဝူကျီက မည်သို့ လွတ်မြောက်နိုင်မည်နည်း။ မိုဝူကျီသာ ဤနေရာတွင် ပိတ်မိသွားပါက မိုဝူကျီကို သူ့စိတ်ကြိုက် လုပ်လို့ ရပြီ ဖြစ်သည်။

ပေသီးတွက်ခုံနှင့် ကျင့်ကြံသူက မိုဝူကျီကို ကြောင်ကြည့်နေမိသည်။ မိုဝူကျီသည် သူ့ဆီ ရှေ့တက်လာလိမ့်မည်ဟု မျှော်လင့်မထားပေ။ သူက မိုဝူကျီသည် ထိုလှောင်ချိုင့်ကို ရှောင်ပြီးမှ လက်တုံ့ပြန်လိမ့်မည်ဟု တွေးထားသည်။

မိုဝူကျီက သူ့လှောင်ချိုင့်ကို ရှောင်ဖို့ ကြိုးစားသည်နှင့်သူပေသီးများက သူ့ကို ချက်ချင်း ချုပ်နှောင်လိုက်မည် ဖြစ်သည်။ သူက မိုဝူကျီသည် သူ့လှောင်ချိုင်ကို ရှောင်ပြီး ပေသီး၏ ထောင်ချောက်များကို ရှောင်ရှားနိုင်လောက်သည့်အထိ အင်မတန် အားကောင်းနေမည့် ဖြစ်နိုင်ချေကို ထည့်တွက်မထားမိပေ။

လူသားသစ္စာ Translation Book 4 ( 401 - 500)Nơi câu chuyện tồn tại. Hãy khám phá bây giờ