အခန်း (၄၉၂)

907 159 0
                                    

အခန်း  (၄၉၂)   :  သေစေနိုင်လောက်သည့် မိုးကြိုးစမ်းသပ်ချက်

အသက်မဲ့မြစ်သို့ ရောက်လာကြသည့် ကျင့်ကြံသူများမှာ အားနည်းသည့်သူ မပါရှိဘဲ ဤကဲ့သို့သော ရတနာကို အားလုံးနီးပါးက အာရုံခံစားမိကြလေသည်။

“ ဒီနေရာက ပါးမွှားတွေအကုန် မလွတ်စေနဲ့ ” ဆိုသော  စကား၏ နောက်ကွယ်၌ ထိုကျင့်ကြံသူများက သူတို့အားလုံးကို လွတ်ပေးမည့်အစား သတ်ပစ်ချင်နေကြခြင်းသာ ဖြစ်သည်။

အားလုံးက ထိုစကားကို ကြားပြီးနောက် ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူအားလုံးမှာ အရှေ့၊ အနောက်၊ တောင်၊ မြောက်သို့ ထွက်ပြေးဖို့ရာ ကြိုးစားကြတော့သည်။

အကယ်၍ သူတို့အားလုံး အပြင်ဘက်သာ ရှိနေပါက ငါးယောက်လုံးမှာ ထိုရာဂဏန်းလောက်ကို ဖမ်းနိုင်ကြောင်း ယုံကြည်ချက် ရှိကြသည်။ သို့သော်လည်း ယခု သူတို့အားလုံးက အသက်မဲ့မြစ် ကြမ်းပြင် ရောက်ရှိနေသည့် အချက်အပြင် ပြောင်းလဲမျှခြေ အဆောင်နှင့် ရောက်လာသည့်အတွက် သူတို့ငါးယောက်မှာ အားလုံးကို တပြိုင်နက် ဖမ်းဆီးနိုင်မည် မဟုတ်ပေ။

မိုဝူကျီက ထွက်ပြေးဖို့ရာ ကြိုးစားသောကြောင့် ပို၍ အသည်းအသန် ဖြစ်နေသည်။ မည်သူကမျှ  အပေါ်ယံ သွားလာနေသည့် သူများအစား  အသက်မဲ့မြစ် အနက်ပိုင်းအတွင်း သွားနေသည့် သူကို သတိမထားမိကြပေ။

နေ့ဝက်အကြာတွင် မိုဝူကျီက  အနက်ရောင် ဝဲဂယက် ရှိရာဆီ  ရောက်ရှိလာသည်။ အနက်ရောင် ဝဲဂယက်မှာ ပေါ်မလာသေးသောကြောင့်  စိတ်ရှည်စွာ စောင့်ဆိုင်းရင်း ဘေးနားဝန်းကျင်၌ ပုန်းလျိုးကွယ်လျိုး နေနေရုံသာ တတ်နိုင်လေ၏။

လက်ရှိတွင် အလွန်မြန်သည့် ဒါမှမဟုတ်  ကျင့်ကြံသူ ငါးယောက် လက်မှ လွတ်မြောက်ပြီး ရေမျက်နှာပြင် ပေါ် ရောက်လာသည့် ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူမှာ လက်တစ်ဆုပ်စာသာလျှင် ရှိသည်။

မြစ်ကြမ်းပြင်မှ ထွက်ပြေးရသည့် ဆိုးကျိုးလည်း ရှိနေသေးပေသည်။ အကြောင်းမှာ တခြားနေရာတွင် ဖြစ်နေပါက ကျင့်ကြံသူငါးယောက်မှာ သူတို့အားလုံး လေးဖက်လေးတန် နေရာခွဲပြေးလိုက်သည်နှင့် ဖမ်းဆီးနိုင်တော့မည် မဟုတ်ပေ။

လူသားသစ္စာ Translation Book 4 ( 401 - 500)Nơi câu chuyện tồn tại. Hãy khám phá bây giờ