လူသားသစ္စာ စာစဉ် (၃၀)
ဘာသာပြန်ဆိုသူ ..... ကြည်ဖြူ (ရိုးရာ)အခန်း (၄၀၆) : ဒီလူက တုံးအနေအောင် ဘယ်လိုအယောင်ဆောင်ရမလဲ သိသား
“ သစ်သားဓာတ်ပျော်ဝင်ဆေးလုံးကို သတ္တုဓာတ် ဆေးလုံးဆရာပဲ ဖော်စပ်နိုင်တာလား ” မိုဝူကျီက မေးလိုက်သည်။
သူက ကျောက်စိမ်းလွှာတစ်ခုကို ထျန်းချီအိမ်တော် သခင်ယန်ဟွေ့မင် ဆီမှ ရရှိလာသည်။ ကျောက်စိမ်းလွှာပေါ်တွင် ကျန်းရှင်း၏ သတ္တုဓာတ် ဆေးလုံးဆရာများ အားလုံးကို အင်မော်တယ်ဆေးလုံးတောင်ကြားမှ လိုင်ဝမ်ရှင်းက ခေါ်ဆောင်သွားသည်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ထိုအထဲတွင် သူ့အဖိုးဖြစ်သည့် မိုထျန်းချန်လည်း ပါဝင်ပေသည်။
သူက လိုင်ဝမ်ရှင်းသည် အဘယ်ကြောင့် သတ္တုဓာတ် ဆေးလုံးဆရာများ ခေါ်ဆောင်သွားကြောင်း နားမလည်သော်လည်း ယခုအခါ အပြည့်အဝ နားလည်သွားလေပြီ။ ထိုလိုင်ဝမ်ရှင်းမှာ အင်မော်တယ်တပိုင်းနယ်ပယ်နှင့် ဆက်စပ်နေပြီး ထိုဆေးလုံးဆရာများကို ခေါ်ဆောင်သွားသည့် ရည်ရွယ်ချက် တစ်ခုသာ ရှိလေသည်။ သစ်သားဓာတ်ပျော်ဝင်ဆေးလုံး ဖော်စပ်ဖို့ရာ ဖြစ်သည်။
သူက မိုထျန်းချန်နှင့် သွေးသားတော်စပ်နေလေသည်။ ယခု သူက မိုထျန်းချန်အကြောင်း တစ်ခု သိလိုက်ရ၍ သေချာပေါက် ဤအတိုင်း ထားမထားနိုင်ပေ။
“ မဟုတ်ရင် သစ်သားဓာတ်ပျော်ဝင်ဆေးလုံးက ဘာလို့ အဲလောက် အဖိုးတန်နေပါ့မလဲ ”
မိုဝူကျီ ကြောင်အအ ဖြစ်နေသည်ကို မြင်ပြီး ကျာချီက မိုဝူကျီသည် သစ်သားဓာတ်ပျော်ဝင်ဆေးလုံး ဖော်စပ်ဖို့ရာ လိုအပ်ချက်များကို ကြားပြီး အံ့ဩသွားသည် ဟုသာ တွေးမိလိုက်သည်။
မိုဝူကျီက လိုင်ဝမ်ရှင်း ဤနေရာမှာ ရှိကြောင်း တည့်တိုး မမေးပေ။ သူ သိလိုလျှင်ပင် မသိမသာ တီးခေါက်ကြည့်ရမည် ဖြစ်သည်။
“ တာအိုရောင်းရင်း ကျာချီက ဘာလို့ ဒါတွေပြောပြနေတာလဲ ” မိုဝူကျီက တည်ငြိမ်သွားပြီး ကျာချီက ရုတ်တရက်ကြီး စိတ်ပြောင်းလဲသွားကာ သူ့ကို ဤအကြောင်းအရာများ ပြောပြလိမ့်မည်ဟု မယုံပေ။
![](https://img.wattpad.com/cover/234026072-288-k505135.jpg)
ESTÁS LEYENDO
လူသားသစ္စာ Translation Book 4 ( 401 - 500)
Fantasíasequence of Book 3 ~~~ All credits given to original author