လူသားသစ္စာ ၃၄
အခန်း (၄၆၈) : အင်မော်တယ်ဝင်ရိုးကျောက်တုံးများဖြင့် လေလံဆွဲသည့် ကျင့်ကြံသူ
ကျင်းယွင်မြို့ လေလံပွဲမှာ ကျင်းယွင်မြို့အတွင်းရှိ အကြီးဆုံး ကုန်သည်အိမ်တော်ဖြစ်သည့် ကျင်းယမ်ကုန်သည်အိမ်တော်၌ ကျင်းပလေသည်။ မိုဝူကျီတို့ ရောက်ရှိလာသည့်အခါ နေရာတစ်ခုလုံး၌ ကျင့်ကြံသူများနှင့် ပြည့်နေလေပြီ။
မိုဝူကျီက စိတ်စွမ်းအားကို မကြောက်မရွံ ဖြန့်ကျက်ထားလိုက်ရင်း အနည်းဆုံး ကျင်းရှန်းအဆင့် ငါးယောက် ရှိကြောင်း အကြမ်းဖျင်း ပြောနိုင်ပေသည်။
မိုဝူကျီက စိတ်စွမ်းအားကို မကြောက်မရွံ့ အသုံးပြုလိုက်သောကြောင့် မိုဝူကျီအပေါ်သို့ စိတ်စွမ်းအားများစွာလည်း ပြန်လည် ရောက်ရှိလာကာ ထိုစိတ်စွမ်းအားများအတွင်း၌ သတိပေးသည့် အရိပ်အယောင်များပင် ပါဝင်နေသည်။
မိုဝူကျီက စိတ်စွမ်းအားများကို မခံစားမိသည့်အတိုင်း ပြုမူကာ သူ့စိတ်စွမ်းအားဖြင့် ဆက်လက် စစ်ဆေးကြည့်လိုက်သည်။ ထို့အပြင် သူ့ဆီ သတိပေးသည့် စိတ်စွမ်းအားများ ပို့လွှတ်လာသည့် သူများဆီ အာဏာရှိရှိ စိတ်စွမ်းအားကို ပြန်လည် ပေးပို့လိုက်သည်။
မိုဝူကျီက ကျင်းယွင်မြို့ ခရီးစဉ်အတွင်း နှိမ့်ချနေရန် စိတ်မကူးထားသည့်အတွက် တစ်ခြားလူများ၏ သတိပေးသည့် စိတ်စွမ်းအားများကို အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။
မည်သူမျှ မိုဝူကျီ ဇစ်မြစ်ကို မသိကြ၍ မိုဝူကျီ တစ်ယောက် သူ့စိတ်စွမ်းအားဖြင့် ဘာလုပ်လုပ် သူတိုက ပြဿနာရှာရန် စိတ်မကူးကြပေ။
မည်သူကမျှ ပြဿနာ လာမရှာ၍ မိုဝူကျီကလည်း တခြားလူများကို ပြဿနာ မရှာတော့ပေ။ သူက လေလံပွဲအတွင်း ပွင့်လင်းမြင်သာ ဝင်သွားလိုက်သည်။
ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်မှာ ယင်ပြန့်မြို့အတွင်း ကုန်သည်အိမ်တော် အသေးလေးသာ ဖြစ်၍ မိုဝူကျီ လက်ခံရခဲ့သည့် ကျောက်စိမ်းပြားမှာ သူ့ကို အဓိက ခန်းမအတွင်း၌သာ ရစေပြီး ကိုယ်ပိုင် အခန်းငယ် မရရှိစေပေ။
BẠN ĐANG ĐỌC
လူသားသစ္စာ Translation Book 4 ( 401 - 500)
Viễn tưởngsequence of Book 3 ~~~ All credits given to original author