chapter 407 (z)

723 62 2
                                    

လူသားသစ္စာ စာစဉ် (၃၀)
ဘာသာပြန်ဆိုသူ  ..... ကြည်ဖြူ (ရိုးရာ)

အခန်း (၄၀၇)  :  တုန်လှုပ်ခြောက်ချားဖွယ် သတင်း

“ပန်းပဲ ပညာရှင်လား ”

မိုဝူကျီက အလန့်တကြား မေးလိုက်သည်  “ ကျောက်တုံးနက်က ပန်းပဲသတ္တုအမျိုးအစား တစ်မျိုးလား ... ”

ကျာချီက ခေါင်းခါပြကာ “ ကျောက်တုံးနက်က ပန်းပဲသတ္တုအမျိုးအစားလားတော့ မသိဘူး။ ပန်းပဲ ဆရာကြီးတောင် သေချာမသိဘူး ... ”

“ အဲဆို ဘာလို့ ကျုပ်ကို အဲဒီပန်းပဲဆရာဆီ ခေါ်သွားချင်နေရတာလဲ ” မိုဝူကျီက နားလည်ရခက်စွာ မေးလိုက်သည်။

“ အဲဆို ပြောပါဦး ရှင်က ကျောက်တုံးနက် ပမဏများများ တူးနိုင်မှာလား ...” ကျာချီက မိုဝူကျီကို ကြည့်ကာ ပြောလိုက်၏။

မိုဝူကျီက တွေဝေမနေဘဲ  “ ကျုပ်မှာ အဲစွမ်းရည်တော့ ရှိပါတယ်။ ဒါပေမဲ့ တကယ်တူးတာကျ အတော်လေး စိတ်မရှည်စရာပဲ .... အဲဒါကြောင့် ခင်ဗျားနဲ့ တွဲလုပ်ဖို့ ကိစ္စမရှိဘူး ”

“တကယ်လို့ ကျမတို့တွေ ငါးရက်လုံးလုံး ကျောက်တုံးနက် ရှာမယ်ဆိုရင် ဘယ်လောက်ရှာတွေ့မယ် ထင်လဲ ”

ကျာချီက စိတ်မအေးသေးဘဲ နောက်ထပ် မေးလိုက်သည်။ မိုဝူကျီက တူးရသည့် ကိစ္စကို စိတ်မရှည်ကြောင်း ပြောသည့်အချက်ကိုတော့ သူမက လျစ်လျူရှုထားလိုက်သည်။ တူးယူရသည့် ကိစ္စက ဘယ်လိုလုပ် လွယ်ကူနိုင်မည်နည်း။ ထို့အပြင် မိုဝူကျီက လောကအင်မော်တယ် အလယ်အလတ်အဆင့်သာ ရှိသေးသည့်အပြင် သူ့တွင် ဂေါ်ပြားလည်း ရှိမနေချေ။ သို့သော်လည်း သူ  ကျောက်တုံးများ တူးယူနိုင်ခဲ့ခြင်းက အတော်လေး မယုံကြည်နိုင်ဖွယ် ကောင်းနေပြီ ဖြစ်သည်။

လေးလေးနက်နက် စဉ်းစားကြည့်ပြီးနောက် “ ကျုပ်လည်း မသေချာဘူး။ ဒါပေမဲ့ တူးတာ မပါဘဲ ရှာရုံဆိုရင်တော့ အနည်းဆုံး ဆယ်တုံးလောက် တွေ့နိုင်တယ် ...”

“ ဟုတ်ပြီ။ အဲဆို အခု ကျမ ပြောမဲ့ အကြောင်းကို ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးလို့ ကျိန်ဆိုတာနဲ့ ရှင့်ကို ပန်းပဲဆရာကြီးဆီ ခေါ်သွားပေးမယ် ”

လူသားသစ်စာ Translation Book 4 ( 401 - 500)Kde žijí příběhy. Začni objevovat