အခန်း (၄၃၆)

974 157 6
                                    

လူသားသစ္စာ စာစဉ် (၃၂)

အခန်း (၄၃၆)  :    အင်မော်တယ်တပိုင်းနယ်ပယ်မှ တစ်ယောက်တည်းသော ကောင်းကင်အင်မော်တယ်

ကျောက်တုံးနက် တစ်သိန်း   ..... အမှန်ကို ကျောက်တုံးနက် တစ်သိန်း ဖြစ်ပေသည်။ ကုန်းဟို့က လက်စွပ်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထားလိုက်သည်။ သိပ်မကြာခင်တွင် ပြန်လည် တည်ငြိမ်လာပြီး ကုန်းဟို့က မိုဝူကျီသာ ကျောက်တုံးနက် တစ်သိန်းထုတ်ယူနိုင်လျှင် သူ့တွင် ထပ်များ ရှိနေမလားဟု တွေးမိလိုက်သည်။

နှစ်ဝက်အတွင်း ဒီလောက်များတဲ့  ကျောက်တုံးနက်တွေကို ဘယ်လိုများ တူးလာနိုင်တာလဲ .....

ထိုအတွေးဖြင့် ကုန်းဟို့က မိုဝူကျီ လက်စွပ်ကို စိတ်စွမ်းအား ပို့လွှတ်၍ အာရုံခံကြည့်လိုက်သည်။ သူ့ကို အံ့ဩသွားစေသည်က သူ့စိတ်စွမ်းအားမှာ မိုဝူကျီ လက်စွပ်ကို ထိုးဖောက်နိုင်စွမ်း ရှိမနေပေ။

ကုန်းဟို့၏ စိတ်စွမ်းအား လက်စွပ်အပေါ်  ကျရောက်လာသည်နှင့် မိုဝူကျီက ခံစားမိလိုက်သည်။ ထင်ထားသည့်အတိုင်း ထိုသူက သူ့လက်စွပ်ကို ရှာဖွေလိုနေခြင်း ဖြစ်သည်။

“ တာအိုရောင်းရင်းမို .... မင်းဆီမှာ ကျောက်တုံးနက်တွေ ထပ်ပါသေးလား ...” ကုန်းဟို့က လက်စွပ်ကို သိမ်းထားလိုက်ပြီး နဂိုပုံစံ တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်သည်။

မိုဝူကျီက ခပ်ယဲ့ယဲ့ပြုံးကာ   “ ကျုပ်မှာ ကျောက်တုံးနက် ရှိသေးတာပေါ့။ တာအိုရောင်းရင်းကုန်းဆီမှာရော အင်မော်တယ်ကျောက် ကျန်သေးတယ်လား ... ”

ကုန်းဟို့က နောက်ထပ် အဆင့်နိမ့် အင်မော်တယ်ကျောက် ထုတ်မပေးနိုင်တော့ပေ။ ထို့အပြင် မိုဝူကျီကို ပေးလိုက်သည့် အရာများမှာ သူ့တစ်ယောက်တည်း အပိုင် မဟုတ်ဘဲ လူများစွာ၏ ချမ်းသာမှု ပေါင်းစည်းထားခြင်း ဖြစ်သည်။

အချိန်အတော်ကြာ တွေဝေနေပြီးနောက် ကုန်းဟို့က မိုဝူကျီဆီမှ ကျောက်တုံးနက်များ လုယူဖို့ ကိစ္စကို လက်လျော့ရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းရင်းမှာ သူ ရှုံးနိမ့်လိမ့်မည်ဟု တွေးမိ၍ မဟုတ်ဘဲ ရွှေဉ ဉပေးသည့် ငန်းကို သတ်သကဲ့သို့ ဖြစ်နေမည်ကို စိုးရိမ်၍ ဖြစ်သည်။ အကယ်၍ သူက မိုဝူကျီ၏ ကျောက်တုံးနက်များကို ခိုးယူလိုက်လျှင် မည်သူက တစ်ခါတည်းဖြင့်  ထိုသို့ ကျောက်တုံးနက်များများကို ပေးနိုင်မည်နည်း။

လူသားသစ္စာ Translation Book 4 ( 401 - 500)Kde žijí příběhy. Začni objevovat