အခန်း (၄၉၉)

924 150 2
                                    

အခန်း  (၄၉၉)  :  ထိပ်သီးတာအိုဂိုဏ်း

မိုဝူကျီက ယခု  မည်သူကိုမှ ရန်မစချင်သည့်အတွက် မုရုန်ရှန်းယွီနောက်မှ မည်သို့ အသာလေး လိုက်သွားနိုင်မည်နည်း။  သူက သက်ပြင်းချကာ ပြောလိုက်သည်  “ မင်း အရင်ပြန်နှင့် ... ဒီမှာ လုပ်စရာတွေ ကျန်သေးတယ်။ အဲဒါတွေ ပြီးသွားမှ လာတွေ့လှည့်မယ်  ”

ထိုသို့ ပြောပြီးနောက် ကျီယွဲ့ကို ပြောလိုက်သည်

“ ဂျုနီယာညီမလေး ယွဲ့ ... မင်းလည်း ပြန်သင့်ပြီ။ တျန်းယုနဲ့ ကျုပ် ပြောစရာတွေ ရှိသေးတယ် ”

မိုဝူကျီက အကြံကြီးကြီး တွေးထားခြင်း ဖြစ်၏။ ဤအမျိုးသမီးနှစ်ယောက်ကို ပြန်လွှတ်ပြီးသည်နှင့် သူက ကမ္ဘာအဆုံးတစ်ဖက်ထိ ပြေးတော့မည် ဖြစ်သည်။

သို့သော်လည်း ထိုအမျိုးသမီးများက ဖြေရှင်းဖို့ရာ လွယ်ကူမည့်ပုံ မပေါ်ပေ။ ကျီယွဲ့က လက်ရှိ ယန်းယဲ့မှာ အတိတ်တုန်းမှ လူနှင့် ခြားနားနေကြောင်း သတိပြုမိဟန် ရှိ၏။ သူမက အကယ်၍ ထွက်သွားလိုက်လျှင် ယန်းယဲ့ကို ထပ်မြင်ရတော့မည် မဟုတ်ကြောင်း အလိုလို ခံစားမိနေသည်။ သူမက ဤပြောင်းလဲမှုမှာ အဆိပ်ကြောင့် ဖြစ်မှန်း မှန်းဆမိသော်လည်း သူမ အနေဖြင့် သူ့အကူအညီကို လိုအပ်နေသေး၏။ အကယ်၍ ယန်းယဲ့သာ မကူညီနိုင်လျှင် သူမက ကျီမျိုးနွယ်စုမှ မည်သို့ ထွက်သွားရမည်နည်း။

ယန်းယဲ့ လက်ထဲ ရှိနေသည့် မျိုးနွယ်စု ကယ်တင်ပေးခဲ့သည့် ကျေးဇူးကြွေး တစ်ခုတည်းကပင် သူမအား ကျီမျိုးနွယ်စုမှ လွတ်မြောက်စေလိမ့်မည်။ ယန်းယဲ့ အဆိပ်ခံရပြီးနောက်  သူမအပေါ်  ယန်းယဲ့၏ သဘောထားမှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ ယန်းယဲ့၏ ဇနီးဖြစ်သူက ပြဿနာ မရှာလျှင်ပင် သဘောထား ပြောင်းလဲသွားခြင်းက  သူမ အကြံပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိစေ၏။

“ ဟင့်အင် .... ကျမ ပြန်မသွားချင်ဘူး ။ အစ်ကိုကြီးယဲ့  ကျမလေ .... ” ကျီယွဲ့ မျက်လုံးများ၌ ဝမ်းနည်းကြေကွဲသည့် အရိပ်အယောင်များ ကြီးစိုးနေကာ  မိုဝူကျီအား မျှော်လင့်တကြီး ကြည့်နေသည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Où les histoires vivent. Découvrez maintenant