လူသားသစ္စာ စာစဉ် ၃၂
အခန်း (၄၄၀) : အင်မော်တယ်တပိုင်းနယ်ပယ်၌ ကြိုမမြင်နိုင်သည့် အခြေအနေ
အင်မော်တယ်တပိုင်းနယ်ပယ် အပြင်ဘက်၌
ထိုစဉ် ဤနေရာ၌ ကျင့်ကြံသူ ထောင်ပေါင်းများစွာ စုရုံးနေကြသည်။ ထွက်လာနေကြသည့်သူများလည်း ရှိနေသေးသည်။
အများစုမှာ စိတ်ဓာတ်ကျနေသည့် အမူအယာများ ရှိနေကြပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေသည့် လူများလည်း ရှိသေးသည်။
ပြန့်ရွမ်းပိနှင့် မုယင်ချောင်တို့လည်း လူအုပ်အတွင်း ရှိနေကြသည်။ သူတို့မျက်နှာများမှာ တည်ငြိမ်နေသော်လည်း သူတို့မျက်ဝန်း၌မူ နှလုံးသားမှ စိုးရိမ်ပူပင်မှုကို သိသာစွာ မြင်တွေ့နေရသည်။
ပြန့်ရွမ်းပိ အပါအဝင် ဤနေရာတွင် ရှိနေသော ကျင့်ကြံသူအားလုံးမှာ တစ်နေရာတည်းကိုသာ ကြည့်နေကြသည်။ ထိုနေရာမှာ သေမင်းမိုင်းတွင်း ရှိရာဆီ ဖြစ်၏။ သေမင်းမိုင်းတွင်းမှာ ဤနေရာနှင့် အတော်လေး အလှမ်းကွာသော်လည်း ထိုနေရာမှ ဆက်တိုက် တုန်ခါနေသံများမှာ သူတို့ခေါင်းကို တူနှင့် ထုရိုက်နေသည့်အလား ဖြစ်ပေသည်။
“ ညီလေးချု ပြန်လာပြီလား ...” ပြန့်ရွမ်းပိက သူ့နောက်ကျောတွင် ဓားတစ်လက် လွယ်ထားသည့် ကျင့်ကြံသူကို မြင်သောအခါ လက်နှစ်ဖက် ဆုပ်လျက် နှုတ်ဆက်လိုက်သည်။
ထိုလူမှာ အကြွင်းမဲ့ဓားဂိုဏ်းမှ ပါရမီရှင် ချူယန် ဖြစ်ပေသည်။ ယခင် သူက ပြန့်ရွမ်းပိတို့နှင့်အတူ ချောက်နက်ထဲ နှစ်ထောင်ပေါင်းများစွာ ပိတ်မိနေခဲ့သောသူ ဖြစ်သည်။ မိုဝူကျီ ကြောင့်သာ အင်မော်တယ်တပိုင်းနယ်ပယ်သို့ ရောက်လာခဲ့ခြင်း ဖြစ်၏။
အင်မော်တယ်တပိုင်းနယ်ပယ်သို့ ရောက်လာပြီးနောက်တွင် အားလုံးက ကျောက်တုံးနက် တူးယူဖို့ရာ အသင်းအဖွဲ့ကိုယ်စီ ပါဝင်လိုက်ကြသော်လည်း ချူယန်တစ်ယောက်တည်းသာ ဘယ်ကိုမျှ မဝင်ခဲ့ဘဲ သူတစ်ယောက်တည်းသာ ကျင့်ကြံနေခဲ့သည်။ သူ့ကျင့်ကြံခြင်းခရီးမှာ နှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ ယခုမှ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ သူက အထူးသစ်သားစွမ်းအားကို မည်သို့ ဖြေရှင်းလဲ ဆိုသည့် ကိစ္စကိုတော့ မသိနိုင်ပေ။
![](https://img.wattpad.com/cover/234026072-288-k505135.jpg)
BẠN ĐANG ĐỌC
လူသားသစ္စာ Translation Book 4 ( 401 - 500)
Viễn tưởngsequence of Book 3 ~~~ All credits given to original author