အခန်း (၄၃၀)

988 153 0
                                    

လူသားသစ္စာ စာစဉ် (၃၁) ပြီးပါပြီနော်

အခန်း  (၄၃၀) : ကျုပ်က ကျုပ်အသက်ထက် ပိုက်ဆံကို ပိုမက်တယ်

သခင်ပုဆိန် စိတ်ထဲ၌ သူ့ အစွမ်းမဲ့မှုကိုသာ ခံစားမိလိုက်သည်။ သူက မိုဝူကျီဆီမှ သတ်ဖြတ်ငွေ့ မခံစားမိသော်လည်း မိုဝူကျီက လိမ်ညာနေခြင်း မဟုတ်ကြောင်း သေချာသည်။ မိုဝူကျီက မုန့်ထျန်းယွီနှင့် တိုက်ရဲသည့်အပြင် သူ့မှော်ရတနာကိုပါ လုယူရဲသည့်အတွက် သူသာ ရူးမနေသရွေ့ ဤနေရာသို့ လာမည် မဟုတ်ပေ။

သို့သော်လည်း မည်သို့ပင် ဆိုစေကာမူ သူ့အတွက် ရလဒ်တစ်မျိုးသာ ရှိပေသည်။ အကယ်၍ သူ ဘာမှ မပြောဘဲ နေပါက သူ သေမည် ဖြစ်သလို မိုဝူကျီက သူ့နောက် လိုက်မလာပါက  သူသာ  သေမည် ဖြစ်သည်။

သခင်ပုဆိန်က ထိုအတွေးဖြင့် အံ့ကို ကြိတ်ကာ 

“ တာအိုရောင်းရင်းမို .... ကျုပ်က လိမ်နေတာ။ တကယ်တော့ ကျုပ်က ခင်ဗျားကို ခေါ်ထုတ်ချင်တာ မဟုတ်ဘူး။ ကျုပ် အထက် လူက  ခင်ဗျားနဲ့ တွေ့ချင်တယ်ဆိုလို့ .....

အင်မော်တယ်နယ်မြေက လူတွေ ကျောက်တုံးနက် လာဝယ်တဲ့အခါတိုင်း ကွမ်းချွမ်ကပဲ အားလုံးကို ဦးစီးလုပ်ကိုင်သွားတာ။ ဒါပေမဲ့ ကံကောင်းချင်တော့ ကျုပ်က အင်မော်တယ်နယ်မြေက လာတဲ့ လူတစ်ယောက်နဲ့ သိကျွမ်းခဲ့တယ်။ အဲဒီလူက သူ့ဆီ ကျောက်တုံးနက်တွေကို လျို့ဝှက်ရောင်းစေချင်တာ။ ကျုပ်က ခင်ဗျားကို စိတ်စွမ်းအင် ကျောက်ချောတွေ ပေးလိုက်တော့ သူ့အတွက် ကျောက်တုံးနက် မဝယ်နိုင်တော့ဘူး။ အဲဒီလူက ခင်ဗျားကို တွေ့ချင်နေတာ ... ”

မိုဝူကျီက မထူးမခြားနား ပြောလိုက်သည်

“ ကျုပ်က သူ့ကို သွားမတွေ့မှာကို စိုးရိမ်နေတယ်မလား။ အဲဆို သူက ခင်ဗျားရဲ့ အသက်လေး ရန်ရှာမှာစိုးလို့ ကျုပ်ကို လာလိမ်နေတာ ဟုတ်တယ်မလား ”

“ ဟုတ်တယ် ” ကိစ္စအားလုံး ဗူးပေါ်သလို ပေါ်လာမှတော့ သခင်ပုဆိန်အနေဖြင့် အမှန်တိုင်းသာ ပြောလိုက်ရသည်။

“ သူ့နာမည် ဘာလဲ။ သူ့ကျင့်ကြံဆင့် အကြမ်းဖျင်းကိုရော သိလား ”

လူသားသစ္စာ Translation Book 4 ( 401 - 500)Where stories live. Discover now