အခန်း (၄၄၂)

947 144 0
                                    

လူသားသစ္စာ စာစဉ် ၃၂

အခန်း   (၄၄၂)  :  အဆိုးထဲမှ အကောင်း

မိုဝူကျီက လေလွတ်မြောက်ရေး နည်းစနစ်ကို အမြင့်ဆုံး သုံးလိုက်သည်။ သို့သော်လည်း သူ့မီးတောက် အကာအရံကြောင့် သူ့အမြန်နှုန်းမှာ အာကာသထဲမှာ ရှိစဉ်နှင့် ယှဉ်၍ မရပေ။

နဂါးနှစ်ကောင်မှာ တိုက်ခိုက်နေသည့်အတွက် မိုဝူကျီကဲ့သို့ ပါးမွှားလေးကို သတိမပြုမိပေ။ နှစ်နာရီကြာ ထွက်ပြေးပြီးနောက်  နဂါးနှစ်ကောင် တိုက်ခိုက်နေသည့် အသံများမှာ သူ့နောက်တွင် ပျောက်ကွယ်သွားလေပြီ။ မိုဝူကျီက နောက်ဆုံးတွင် စိတ်အေးလက်အေး သက်ပြင်းချလိုက်တော့သည်။ မိုဝူကျီ၏ လေ့လာချက်များအရ သူက နဂါးနှစ်ကောင်မှာ  အင်မော်တယ်လျိုအတွင်း ရှိနေသည့် သတ္တုဓာတ် ဓားနဂါးများ ဖြစ်ကြောင်း မှန်းဆမိလိုက်သည်။

အင်မော်တယ်လျိုအတွင်း နဂါးမျိုးစုံ ရှိပေသည်။ တိမ်မြူပင့်ကူနှင့် ယင်မီးတောက် ကင်းခြေများကို ထည့်မတွက်လျှင်ပင် အရောင်မဲ့မျှော့ တစ်မျိုးတည်းကပင် ကျင့်ကြံသူအများအပြားကို သတ်နိုင်နေပြီ ဖြစ်၏။

လမ်းတစ်လျောက်တွင် မိုဝူကျီက တိမ်မြူပင့်ကူများနှင့် ကြုံတွေ့ခဲ့ရသော်လည်း မိုဝူကျီကို စိတ်သက်သာရာ ရစေသည်က  ယင်မီးတောက် ကင်းခြေများနှင့် ထပ်မတွေ့ရသေးခြင်း ဖြစ်သည်။

မိုဝူကျီက ယင်မီးတောက် ကင်းခြေများနှင့် တစ်ခါကြုံတွေ့ဖူး၍ ထိုအကောင်မှာ မည်မျှ ကြောက်စရာကောင်းကြောင်း သိထားသည်။

သူ့ခရီး၌ မိုဝူကျီက တိမ်မြူပင့်ကူအုပ်နှင့် တွေ့လျှင် ရှောင်ကွင်း၍ သွားပေသည်။ သို့သော် ဧရာမအုပ်ကြီးနှင့် တွေ့လာလျှင် ရှောင်ရှားသွား၍ ရတော့မည် မဟုတ်ပေ။ မိုဝူကျီက သူ့လျှပ်စီးဓားများဖြင့် လမ်းဖောက်ကာ ချက်ချင်းဆိုသလို ရွေ့ပြောင်းစွမ်းရည် ထုတ်သုံးလိုက်သည်။ မိုဝူကျီက သူသာ အသက်ရှင်လိုပါက  တိုက်ပွဲအတွင်း ဝင်ပါ၍ မဖြစ်ကြောင်း သိနေသည်။

အင်မော်တယ်လျိုအတွင်း ရက်များစွာ အသက်ရှင်နိုင်သည့် အကြောင်းအရင်းမှာ  သူ့ပညာရှင်နှလုံးသား မီးတောက်မှ ဖြစ်ပေါ်လာသော မီးတောက်အကာအရံနှင့် ပြောင်းပြန်လှည့်ပတ်ခြင်း ကျင့်စဉ်နှင့်အတူ အင်မော်တယ်ကျောက်များ၏ အကူအညီကြောင့် ဖြစ်ပေသည်။ သူ့တွင် ထိုအရာများ တစ်ခုမျှ လစ်ဟာမနေပေ။

လူသားသစ္စာ Translation Book 4 ( 401 - 500)Nơi câu chuyện tồn tại. Hãy khám phá bây giờ