အခန်း (၄၃၂)

1K 157 5
                                    

လူသားသစ္စာ စာစဉ် (၃၂)

အခန်း (၄၃၂)  :   ပေသီးနှင့် ကူယာ

“ နောက်တစ်ခါ လာတွေ့ရင် ဒီနေရာမှာပဲ အရောင်းအဝယ် လုပ်ကြမယ်။ အင်မော်တယ်ကျောက်တွေ အတွက် ကျောက်တုံးနက်တွေနဲ့ပေါ့ ... ခင်ဗျား မထွက်သွားခင် ကျုပ်ကို သိုလှောင်လက်စွပ်တစ်ကွင်းတော့ ပေးခဲ့ဦး မဟုတ်ရင် ဒီနေရာကို ကျောက်တုံးနက် အများကြီး သယ်လာနိုင်မှာ မဟုတ်ဘူး ” မိုဝူကျီက ဖြေပေးလိုက်သည်။

“ မင်းကို ဘယ်လိုယုံရမှာလဲ ..” ကုန်းဟို့က မိုဝူကျီကို စိုက်ကြည့်ရင်း မေးလိုက်သည်။

“ ခင်ဗျားက ကျုပ်ကို အဆိပ်ဆေးလုံး ပေးလိုက်လေ .... နောက်တစ်ခါတွေ့ပြီး အရောင်းအဝယ်ပြီးတော့မှ ကျုပ်ကို ဖြေဆေးပေးပေါ့ .... ဘယ်လိုလဲ ” မိုဝူကျီက နောက်ထပ် အတွေးတစ်ခုဖြင့် ထပ်ဖြေပေးလိုက်သည်။

အစကတည်းမှ မိုဝူကျီသည် ကုန်းဟို့ဆီမှ သိုလှောင်လက်စွပ် ယူထားရန် အစီအစဉ် ရှိလေသည်။ အင်မော်တယ်နယ်မြေ၌ ပိုက်ဆံကောင်းကောင်း ရှာဖို့ရန် ကျောက်တုံးနက်များကို စုဆောင်းဖို့ပြင်ဆင်နေမည်ဆိုပါက ဆရာကြီးဖူကျိ လုပ်ပေးထားသည့် လက်စွပ်မှာ အနည်းငယ် သေးနေပေသည်။ သူ့အတွက် နေရာကျယ်ကျယ်နှင့် သိုလှောင်လက်စွပ်တစ်ကွင်း လိုအပ်ပေလိမ့်မည်။

ကုန်းဟို့က မိုဝူကျီကို အတော်ကြာ စိုက်ကြည့်ပြီးနောက် သက်ပြင်းချကာ   “ မင်းလိုမျိုး ကျင့်ကြံသူတွေ တကယ် ရှိနေသေးတာပဲ ... ဟုတ်ပြီ မင်းကို ယုံလိုက်မယ် .... ”

သူ စတင်ကျင့်ကြံစဉ် ကတည်းမှ သူ့အသက်ထက် ပိုက်ဆံကို ပိုမြတ်နိုးသူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက် က မိုဝူကျီသည် သူ့အဆိပ်ကို ဖြေနိုင်လိမ့်မည်ဟု ပြောလာလျှင် ယုံမည် မဟုတ်ပေ။ အကြောင်းမှာ ဤအင်မော်တယ်တပိုင်းနယ်ပယ် တစ်ခုလုံးနှင့် အဆင့်နိမ့် ကျင့်ကြံခြင်းလောက၌ အဆိပ်ဖြေဆေးပင်များ မရှိကြပေ။

“ဒီမှာ သိုလှောင်လက်စွပ် ... အထဲမှာ ကျုပ် နောက်တစ်ကြိမ် လာရင် အသိပေးဖို့ ဆက်သွယ်ရေး ပုတီးစေ့ ထည့်ထားတယ် .... ”

လူသားသစ္စာ Translation Book 4 ( 401 - 500)Donde viven las historias. Descúbrelo ahora