အခန်း (၄၀၈)

1K 167 0
                                    

လူသားသစ္စာ စာစဉ် (၃၀)
ဘာသာပြန်ဆိုသူ  .... ကြည်ဖြူ (ရိုးရာ)

အခန်း  (၄၀၈)  :   ခင်ဗျား မလုပ်ရဲသလို ကျုပ်ကလည်း မကြောက်တတ်ဘူး

ပန်းပဲဆရာကြီး၏ နေရာက ကျောက်အိမ်အသေးလေးတဲ့လား ....

မိုဝူကျီက အပြင်ဘက်တွင် ရပ်ကာ စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ထိုပန်းပဲဆရာကြီး၏ အစီအရင် အသိပညာမှာ သူ့ထက် မနိမ့်ကျကြောင်း သိလိုက်သည်။ ကျောက်အိမ်အကာတွင် လျို့ဝှက်အစီအရင်များစွာနှင့် ပိတ်လှောင်ရေး အစီအရင်များစွာ တပ်ဆင်ထားလေ၏။ အကယ်၍ အစီအရင်ကို နားမလည်ပါက အလွယ်တကူ ပိတ်မိသွားနိုင်လေသည်။ ထို့နောက် အစီအရင်ကို ထိန်းချုပ်ထားသည့် လူက တိုက်ခိုက်လာလျှင် အသက်ရှင်နိုင်ခြေမှာ သုညနား ကပ်သွားပေလိမ့်မည်။

“ တာအိုရောင်းရင်းမို ... ကျမနဲ့ အတူတူ လိုက်ဝင်လို့ ရပါတယ်။ မစိုးရိမ်ပါနဲ့။ တစ်ခုခု ဖြစ်လာမှာ မဟုတ်ပါဘူး ”

ကျာချီက မိုဝူကျီ မဝင်သေးဘဲ ရပ်နေသည်ကို မြင်၍ အရင်ဦးဆုံး ဖိတ်ခေါ်လိုက်သည်။ မိုဝူကျီက ခပ်ယဲ့ယဲ့ ပြုံးကာ ကျောက်အိမ်အတွင်း ဝင်လိုက်တော့သည်။

တစ်ခုခု ဖြစ်လာလျှင်ပင် သူက ကြောက်ရွံ့မနေပေ။ ထိုအစီအရင်အမျိုးမျိုးက သူ့အား ပိတ်ထားနိုင်သော်လည်း ကျာချီနှင့် ထိုလျို့ဝှက်ဆရာကြီးက သူ့ကို သတ်ချင်လျှင်တော့ ထိုအတိုင်း ဖြစ်လာမည် မဟုတ်ပေ။

သူတို့ကျောက်အိမ်ဆီ ဝင်သွားပြီးနောက် မိုဝူကျီက ကျာချီနောက်လိုက်ကာ ဒုတိယထပ်သို့ လိုက်ပါသွားလိုက်သည်။ ဒုတိယထပ်တွင် အခန်းတစ်ခန်းသာ  ပါရှိ၏။ အဝင်ပေါက်တွင် ရှိနေသည့် မိုဝူကျီက  အခန်းအလယ်တွင် ထိုင်နေသည့် အမျိုးသား တစ်ယောက်ကို မြင်လိုက်ရသည်။

“ ဆရာကြီးဖူကျိ ...  မိုဝူကျီကို ခေါ်လာပါပြီ ” ကျာချီက တံခါးဝမှ လေးလေးစားစား ပြေလိုက်သည်။

“ရောက်လာမှတော့ ဝင်ထိုင်ပါဦး ” အခန်းအလယ်မှ အမျိုးသား ခေါင်းမော့လိုက်သည့်အခါ မုတ်ဆိတ်များဖြင့် ပြည့်နေလေ၏။

ရိုးရိုးရှင်းရှင်း အသိမှတ်ပြုမှုနောက်တွင် ကျာချီက မိုဝူကျီကို မိတ်ဆက်ပေးလိုက်သည်

လူသားသစ္စာ Translation Book 4 ( 401 - 500)Nơi câu chuyện tồn tại. Hãy khám phá bây giờ