အခန်း (၄၂၅)

1K 145 0
                                    

လူသားသစ္စာ စာစဉ် (၃၁)
ဘာသာပြန်ဆိုသူ .... ကြည်ဖြူ (ရိုးရာ)

အခန်း  (၄၂၅)  :    အားကောင်းသည့်  လူသစ်လေး

သခင်ပုဆိန်က သူ့နောက်ကျောမှ ဧရာမပုဆိန်ကို ယူကာ  ဝှေ့ယမ်းရင်း သူ့ဆီ မိုဝူကျီတစ်ယောက် သူ့အသက်အတွက် သနားခံမည်ကို စောင့်ဆိုင်းနေသည့်အလား  မိုဝူကျီကို အေးစက်စွာ ကြည့်လိုက်သည်။ မိုဝူကျီက သူ့အသက်အတွက် တောင်းခံနေသည် ဖြစ်စေ ဒါမှမဟုတ် အကြောင်းပြချက် ရှာနေသည် ဖြစ်စေ သူက တိုက်ခိုက်မည် ဖြစ်သည်။

ထိုအရာမှာ  သူ့စိတ်ပျော်စေပြီး သူ့ဘေးနားမှ မပျော်ရွင်မှုအားလုံးကို ဖြေဖျောက်ပေးသွားသည့် ဝမ်းသာသော ခံစားချက်မျိုး ဖြစ်သည်။ မိုဝူကျီက မည်သို့ပြောပြော သူက ခွေး-ျီးအဖြစ်သာ သတ်မှတ်မည် ဖြစ်သည်။

သခင်ပုဆိန် မျှော်မှန်းထားသည်နှင့် လွဲချော်ကာ မိုဝူကျီဖက်မှ  စကားတစ်လုံးမှ ထွက်မလာပေ။ သူ့တျန်းဂျီတုတ်မှ  အဆုံးမဲ့တုတ်အရိပ်များစွာ ထွက်ပေါ်လာပြီး လျှပ်စီးဓားများစွာလည်း ဖြစ်ပေါ်လာသည်။

မိုဝူကျီက လှုပ်ရှားသည်နှင့် ထုံညီအစ်ကိုနှင့် လော့ချွမ်းဟယ်လည်း ချက်ချင်း ဝင်တိုက်လိုက်ကြသည်။ ထုံညီအစ်ကိုက နီညိုရောင်မီးနဂါး ကိုယ်စီ ထုတ်လွှတ်လိုက်ပြီး ထိုနဂါးနှစ်ကောင်မှာ သူတို့ကို ဝိုင်းထားသည့် ထိပ်တန်း ကျင့်ကြံသူ နှစ်ယောက်ဆီ တဟုန်ထိုး ဝင်ရောက်သွားသည်။

လော့ချွမ်းဟယ်၏ ဓားစွမ်းအားမှာ ပေသီးတွက်ခုံ ကိုင်ဆောင်ထားသည့် လူလတ်အမျိုးသားဆီ တိုးဝင်သွားသည်။ ဆရာကြီးဖူကျိနှင့် ကျာချီတို့က မလှုပ်ရှားသေးသော်လည်း မိုဝူကျီဘေး တစ်ဖက်တစ်ချက် နေနေလိုက်ပြီး သခင်ပုဆိန်ကို စိုက်ကြည့်လိုက်ကြသည်။

ဤနေရာသို့  သူတို့ ခြောက်ယောက် မလာခင် သူတို့က တိုက်ပွဲပုံစံကို ဆုံးဖြတ်ထားပြီးသား ဖြစ်ပေသည်။ မိုဝူကျီက ဘာကိုမျှ မလျို့ဝှက်ထားဘဲ အားလုံးကို သူ့တွင် အဆုံးမဲ့လျှပ်စီးဓား တိုက်ကွက်ရှိကြောင်း ပြောပြထားလေ၏။ ထုံညီအစ်ကို၏ မီးတောက်နှလုံးသားမှာလည်း အားအတော်ကောင်းသောကြောင့် တိုက်ပွဲထဲ မအားမလပ် ဖြစ်နေစဉ်  လော့ချွမ်းဟယ်မှာ  ပေသီးတွက်ခုံနှင့် လူလတ်အမျိုးသားနှင့် ရင်ဆိုင်နေလေသည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Where stories live. Discover now