အခန်း (၄၁၄)

978 157 2
                                    

လူသားသစ္စာ စာစဉ် (၃၀)

အခန်း  (၄၁၄)  :  ဆရာကြီးဖူကျိ၏ အံ့ဩတုန်လှုပ်မှု

“ ဖုန်းချီက အစတုန်းက အင်မော်တယ်ဖွေရှာရေး အဖွဲအစည်းကို ဝင်ဖို့ ရည်ရွယ်ထားပေမဲ့ ကန်ရွယ် ရှိနေတော့ သူက လက်လျော့ပြီးတော့ ဓားအစွမ်းကုန်းမြေပြန့်ဆီ ဝင်လိုက်တာ။ အဲဒါကြောင့် အင်မော်တယ် ဖွေရှာရေး အဖွဲ့အစည်းရဲ့ ကန်ရွယ်က ဖုန်းချီကို  လိုက်ဖမ်းတာ ... ”

“ခဏနေပါဦး ...” မိုဝူကျီက ကျာချီ စကားများကို ဖြတ်ပြောလိုက်သည်

“ တာအိုရောင်းရင်းကျာချီ ... ကျုပ်က ဒီမှာ‌ ရောက်နေတာ နည်းနည်းကြာပြီဆိုတော့ ယေဘုယျတော့ နားလည်ထားပါတယ်။ အင်မော်တယ်တပိုင်းနယ်ပယ်က မျှတပြီးတော့ တရားတယ် မဟုတ်ဘူးလား။ ကျင့်ကြံသူချင်းတောင် ရန်မဖြစ်ကြတာ သတ်ဖို့ဆိုတာ ဝေးလာဝေးလေ ... ဖုန်းချီကို ဒီနေရာမှာ သတ်ရဲရအောင် အဲဒီကန်ရွယ်က ဘယ်ကနေ သတ္တိတွေ စွတ်ကောင်းနေတာလဲ ....”

မိုဝူကျီ၏ ဖုန်းချီအပေါ် အမြင်မှာ အရမ်းမနက်ရှိုင်းသော်လည်း ဖုန်းချီက ပျောက်ဆုံးနယ်မြေမှ ရောက်လာသည် ဟူသော အချက်မှလွဲလျှင် မိုဝူကျီက နာမည်ပင် သေချာမမှတ်မိပေ။ ဖုန်းချီက ကန်ရွယ်ရှိနေ၍ အင်မော်တယ်ဖွေရှာရေး အဖွဲ့အစည်းဆီ မဝင်ခြင်းမှာ သူ့ဖြောင့်မတ်မှုကို သက်သေပြနေခြင်း ဖြစ်သည်။

ကျာချီက ရယ်မောလိုက်ပြီး  “ မျှတမှုနဲ့ တရားမှုက အပေါ်ယံသပ်သပ်ပဲ။ တစ်ယောက်ယောက်က ရှင့်ကို သတ်ချင်ရင် နည်းလမ်းတွေ ထောင်ချီမက ရှိတယ်။ ပြီးတော့ ကျန်ရွယ် တိုက်ခိုက်တုန်းက ဖုန်းချီက ဓားအစွမ်းကုန်းမြေပြန့်ကို မဝင်ရသေးဘူးလေ။ ဝင်ပြီးသွားရင်တော့ အဲဒီကနေ ကာကွယ်မှုတချို့ ရနိုင်ပေမဲ့ အခုတော့ ..... ”

“ကန်ရွယ်က ဖုန်းချီကို ဘယ်လိုသတ်သွားတာလဲ ” မိုဝူကျီ အသံမှာ အေးစက်လာသည်။

“ သူ့ အကြောင်းပြချက်ကတော့ ဖုန်းချီကို အင်မော်တယ် ဖွေရှာရေး အဖွဲ့အစည်းကို ဝင်လို့ ရအောင် သူက စိတ်စွမ်းအင် ကျောက်ချော ဆယ်တုံး ပေးထားပေမဲ့ ဖုန်းချီက စိတ်စွမ်းအင် ကျောက်ချော ရတာနဲ့ သူ့စကားတွေကို ရုတ်သိမ်းပြီးတော့ ဓားအစွမ်းကုန်းမြေပြန့်ကို ဝင်သွားလို့တဲ့ ... ” ကျာချီက တည်တည်ငြိမ်ငြိမ် ဖြည်းဖြည်းချင်း ပြောပြလိုက်သည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Opowieści tętniące życiem. Odkryj je teraz