အခန်း (၄၁၀)

1K 167 0
                                    

လူသားသစ္စာ စာစဉ် (၃၀)
ဘာသာပြန်ဆိုသူ  .... ကြည်ဖြူ (ရိုးရာ)

အခန်း (၄၁၀)  :   ဧရာမ ဝဲကတော့ကြီး

ကျာချီက  စိတ်စွမ်းအားကို မြေအောက်ထဲ ပို့လွှတ်လိုက်သည်။ သို့သော်လည်း သူမစိတ်စွမ်းအားကို ကန့်သတ်ထားသည့်အရာ ရှိနေသည်။ သူမ စိတ်စွမ်းအားမှာ တစ်မီတာခွဲလောက်သာ ရောက်ပြီး ရပ်တန့်သွားတော့သည်။ သူမ စိတ်စွမ်းအား အသုံးပြုပြီးနောက်တွင် သူမ တူးနှုန်းမှာ နှေးကျသွားသည်။

မိုဝူကျီက ကျာချီ အပြောင်းအလဲကို သတိပြုမိလိုက်၍ “ တာအိုရောင်းရင်းကျာချီ ... ခင်ဗျား အပင်ပန်းခံမနေပါနဲ့ဗျာ ”

သူက စိတ်စွမ်းအား သုံးကာ ထိုကျောက်တုံးနက် အတုံး ၃၀ ကို ပိတ်လှောင်ထားသည့်အပြင် တူးနေရသောကြောင့် သူ့အတွက် မောပန်းရန် လုံလောက်နေလေပြီ။ အကယ်၍ ကျာချီသာ စိတ်လွတ်နေပါက သူ့အတွက် ပိုပင်ပန်းလိမ့်မည်။ ထို့အပြင် ဤနေရာမှာ ဝေးလံနေသော်လည်း ဘယ်သူ ရောက်လာမလဲဆိုတာ မသေချာပေ။ တစ်ယောက်ယောက် ရောက်လာပါက သူတို့အတွက် ကောင်းသောအရာ ဖြစ်လာမည် မဟုတ်ချေ။

“ ဟုတ်ပါပြီ ... ကျမ သိပါတယ် ” ကျာချီက စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်ကာ တူးသည့်ကိစ္စ၌သာ အာရုံအပြည့်အဝ စိုက်ထားလိုက်တော့သည်။ နောက်ထပ် နှစ်နာရီအကြာတွင် မိုဝူကျီ ဂေါ်ပြားတစ်ချက် အဝှေ့ဖြင့် သဘာဝစွမ်းအားများ ထည့်လိုက်သောအခါ ဆယ်ဂဏန်း ချီနေသည့် ကျောက်တုံးနက်များ  မြေပေါ် ပျံတက်လာကာ  သူ့ခြင်းတောင်းထဲ ရောက်ရှိလာတော့သည်။

ကျာချီက ထိုကျောက်တုံးနက်များကို မြင်သောအခါ တူးယူနေသည့် ကိစ္စအား ကြောင်အကာ ရပ်လိုက်တော့သည်။ သူမက မိုဝူကျီ ခြင်းတောင်းကို တအံ့တဩ ကြည့်နေမိကာ အတော်ကြာသည့်အထိ စကားမပြောနိုင်ပေ။

ခြင်းတောင်ထဲတွင် ကျောက်တုံးနက် သုံးဆယ် ရှိနေသည်။

နေ့ဝက်အတွင်း သူမနှင့် မိုဝူကျီတို့က ကျောက်တုံးနက် သုံးဆယ်ကျော်ကို တူးယူနိုင်ခဲ့တာလား ...

မိုဝူကျီက လက်ကိုခါကာ ထိုအပေါက်ကို မြေပြန်ဖို့ထားလိုက်သည်။ ထို့နောက် သူ့စိတ်စွမ်းအားဖြင့် ဖိနှိပ်ထားလိုက်သည့်အခါ ဤနေရာမှာ သာမာန်အတိုင်း ပြန်ဖြစ်သွားတော့သည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Hikayelerin yaşadığı yer. Şimdi keşfedin