အခန်း (၄၆၂)

928 151 0
                                    

လူသားသစ္စာ ၃၄

အခန်း  (၄၆၂)  :     အင်မော်တယ်ဝင်ရိုးကျောက်တုံးများကြောင့်

မိုဝူကျီက အေးစက်စွာ ရယ်မောလိုက်မိသည်။ ဤအမျိုးသမီးက အတော်လေး မောက်မာပေသည်။ သို့သော်လည်း သူက ဟန်ချင်းရုကို ရှာနေသည် ဖြစ်သောကြောင့် ဤအမျိုးသမီး၏ တကျည်ကျည်လုပ်သံကို စိတ်ထဲ ထားမနေတော့ပေ။

မိုဝူကျီက လက်ကို ဆန့်ထုတ်လိုက်သည့်အခါ သူ့လက်ဖဝါးမှတဆင့် ကြမ်းပြင်ပေါ်သို့  အင်မော်တယ်ဝင်ရိုး ကျောက်တုံးအပုံလိုက် ကျလာသည်။ အနည်းဆုံး ထောင်ဂဏန်းတော့ ရှိပေ၏။ သူက အေးဆေးတည်ငြိမ်စွာ မေးလိုက်သည်  “ ဒါကို ပြောနေတာလား ”

ဟန်ချင်းရုသည် သူ့တွင် အင်မော်တယ်ဝင်ရိုးကျောက်တုံး အများအပြား ရှိသည့် အကြောင်း ထုတ်ပြောလိမ့်မည်ဟု မယုံပေ။ ဟန်ချင်းရုက အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းပြီးခါစ ဖြစ်ပြီး ဤလူများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းသာ ဖြစ်၏။ ထို့အပြင် သူက ဟန်ချင်းရုကို လာရှာလိုက်သည့်အတွက် သူတို့က သူ့ကို ခြိမ်းခြောက်အကျပ်ကိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“အင်မော်တယ်ဝင်ရိုးကျောက်တုံးတွေလား ” ဝေကုန်းဖုန့် နှင့် ကျူးယိရန်တို့က အမြန်အဆန် မတ်တပ်ရပ်လိုက်ကြပြီး သူတို့မျက်ဝန်းများ၌ တဖြတ်ဖြတ် တောက်ပနေကာ  မိုဝူကျီရှေ့တွင် ရှိနေသော အင်မော်တယ်ဝင်ရိုးကျောက်တုံး အပုံလိုက်ကို ကြည့်နေလေ၏။

ကျုးယိရန်က ရှေ့တစ်လှမ်း တိုးကာ ကျောက်တုံးတချို့ လှမ်းယူရန် ကြိုးစားလိုက်သည်။ လက်တစ်ချက် အဝြှေ့ဖင့် မိုဝူကျီက သူ့အင်မော်တယ်ဝင်ရိုးကျောက်တုံးများကို ပြန်သိမ်းသွားလေ၏။

“တာဝန်ခံကျူးက ကျုပ် ကျောက်တုံးတွေ ခိုးမလို့ ကြိုးစားနေတာလား ” မိုဝူကျီက ကျောက်တုံးများကို သိမ်းဆည်းပြီးနောက် မိုဝူကျီက မကျေမနပ် ပြောလိုက်သည်။

ကျူးယိရန် မျက်နှာ အမူအယာမှာ ဒေါသတကြီး ဖြစ်သွားသော်လည်း မကြာခင် ပျောက်ကွယ်သွားကာ အစီအရင်အလံများစွာကို ပစ်လွှတ်လိုက်သည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Donde viven las historias. Descúbrelo ahora