လူသားသစ္စာ စာစဉ် (၃၁)
ဘာသာပြန်ဆိုသူ ... ကြည်ဖြူ (ရိုးရာ)အခန်း (၄၂၂) : စိတ်ပျက်သွားမိသည့် ချီသွေးကြောအသစ်
“အစ်ကိုကြီး ဒီနေရာမှာ ဒီလိုနှုန်းနဲ့ တကယ်ကြီး ကျင့်ကြံတဲ့သူ ရှိနေတာပဲ ..” မိုဝူကျီ၏ ကာကွယ်ရေး အစီအရင် အပြင်ဘက်၌ အမျိုးသားနှစ်ယောက်က ရုတ်ချည်း ပေါ်လာကြသည်။
ထိုအမျိုးသား နှစ်ယောက်မှာ မိုဝူကျီကဲ့သို့ သူတို့ဘေးပတ်လည်တွင် မီးအကွင်းလိုက် အကာအရံ ရှိနေပေသည်။ သူတို့မှာ အရပ်ရှည်ပြီး တူညီသည့် သွင်ပြင်များ ရှိကြသည်။ တစ်ချက်တည်း ကြည့်ရုံဖြင့် သူတို့မှာ သွေးသား တော်စပ်သည့် ညီအစ်ကိုဖြစ်ကြောင်း သိသာပေသည်။ ကွဲပြားခြားနားသည့် တစ်ခုတည်းသော သွင်ပြင်မှာ စကားပြောလိုက်သူ၏ သွင်ပြင်မှာ အနည်းငယ် ဝပြီး အစ်ကိုကြီးဟု ညွှန်းဆိုခံရသူမှာ အနည်းငယ် ပိုပိန်လေ၏။
“သေချာပေါက် ထိပ်တန်း ပါရမီရှင်တစ်ယောက်ပဲ ဖြစ်ရမယ်။ တကယ်လို့ သူက မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့်ဆိုရင်တော့ မကြာခင် ကောင်းကင်အင်မော်တယ်အဆင့် တက်လှမ်းမဲ့ မိုးကြိုးစမ်းသပ်ချက်ကို ခံယူရလိမ့်မယ်ထင်တယ် ” အစ်ကိုကြီးဖြစ်သူက ပြန်တုံ့ပြန်လိုက်သည်။
“ကျတော်လဲ ဒီလူ ဘယ်လိုလုပ် ရောက်လာတာလဲဆိုတာ အတော်သိချင်နေမိတယ်။ သူက အစီအရင် ထားထားတယ်ဆိုရင်တောင် ဒီနေရာကို ဗြုန်းခနဲ ရောက်လာတာတော့ မဟုတ်ဘူး မလား။ ပြီးတော့ ဒါက သေမင်းမိုင်းတွင်းရဲ့ အတွင်းပိုင်းလေ ... ” ခပ်ဝဝ ကျင့်ကြံသူက မျက်မှောင်ကျုတ်ကာ ပြောလိုက်သည်။
အစ်ကိုကြီးက ပြန်လည်ပြောလိုက်သည်
“ မင်းကို ဘယ်နှခါ ပြောရမလဲ ငါတို့က အဲလောက် တော်တတ်နေတယ်လို့ မထင်ပါနဲ့ဆိုနေ ... ငါတို့က ကံကောင်းထောက်မပြီးတော့ မီးတောက်နှလုံးသား မျိုးစေ့ကို ရခဲ့ပေမဲ့ ကမ္ဘာကြီးက အကျယ်ကြီး .... အဲလို ကံကောင်းတာက ငါတို့ ညီအစ်ကိုတင် မကဘူး မှတ်ထားကွ ....
ဒီနေရာကို ရောက်လာတဲ့သူမှာ သူ့ကိုယ်ပိုင် မီးတောက်တွေ ဘာတွေ မရှိဘဲ ရောက်လာနိုင်တယ်ဆိုတာ သေချာရဲ့လား။ ပြီးတော့ ဒီလူရဲ့ အစီအရင်တာအိုက ငါတို့ထက် အများကြီး အားကောင်းတယ် ”
STAI LEGGENDO
လူသားသစ္စာ Translation Book 4 ( 401 - 500)
Fantasysequence of Book 3 ~~~ All credits given to original author