အခန်း (၄၂၇)

1K 154 1
                                    

လူသားသစ္စာ စာစဉ် (၃၁)
ဘာသာပြန်ဆိုသူ  .... ကြည်ဖြူ (ရိုးရာ)

အခန်း  (၄၂၇)  :    မုန့်ထျန်းယွီနှင့် ရင်ဆိုင်ခြင်း

“ ကျုပ် လုပ်လိုက်တာ ဆိုပေမဲ့ ကျုပ်ရဲ့ သစ်သားဓာတ် တိုက်ခိုက်မှုကို ဖြေရှင်းနိုင်တယ်ဆိုတော့  ခင်ဗျားလည်း မဆိုးရှာပါဘူး။” မုန့်ထျန်းယွီ အသံမှာ လူယုတ်မာအသံ ပေါက်နေပြီး ကွမ်းချွမ်နှင့် အခြားလူများကို မိုဝူကျီက သစ်သားဖြစ်နေသည့် ဝိညာဉ်ကြောများကို ပြန်လည်ကောင်းမွန်လာနိုင်အောင် လုပ်နိုင်စွမ်း ရှိကြောင်း ပြောမည့် အတွေးကို မစွန့်ပစ်ခဲ့ပေ။ 

မိုဝူကျီက သစ်သားဖြစ်နေသည့် ဝိညာဉ်ကြောများကိုပင် ပြန်လည် ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်စွမ်း ရှိသည်ကို ကြားပြီးနောက်  ကွမ်းချွမ်က အကြည့် ရုတ်သိမ်းလိုက်သည်။ သူက မိုဝူကျီမှာ တိုက်နိုင်စွမ်းသာ ကောင်းသည့် ဝူယုထက် ကြောက်မက်ဖို့ ကောင်းကြောင်း ဖြည်းဖြည်းချင်း ခံစားမိလာသည်။ အကယ်၍ ဝူယု၏ ဝိညာဉ်ကြောများ သစ်သားအဖြစ် ပြောင်းလဲသွားလျှင် သူက အသုံမဝင် ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် မိုဝူကျီက ဝူယုထက် ပိုကြောက်ဖို့ ကောင်းနေခြင်း ဖြစ်သည်။

မိုဝူကျီက အားရပါးရ ရယ်မောလိုက်ပြီး   “ အဖွဲ့အစည်းခေါင်းဆောင်မုန့် ပြောတာ မှန်တယ် .... ”

ထိုသို့ ပြောပြီး မိုဝူကျီက ဘေးပတ်လည်သို့ လက်နှစ်ဖက် ဆုပ်လျက် ပြောလိုက်သည်  “ တာအိုရောင်းရင်းအပေါင်းတို့ ... တကယ်လို့ နောင်ကျ အဖွဲ့အစည်းခေါင်းဆောင်မုန့်ကြောင့် မတော်တဆ ဝိညာဉ်ကြော သစ်သားဓာတ် ပြောင်းသွားရင် ကျုပ် မိုဝူကျီ ကို အချိန်မရွေး လာရှာလှည့်ပါ ”

မိုဝုကျီ စကားများက လူအုပ်ကြီးဆီမှ လက်ခုပ်ဩဘာသံများနှင့်အတူ အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။ မိုဝူကျီ၏ အပြုအမူမှာ ထိုကျင့်ကြံသူ အများစုဆီမှ ထောက်ခံမှုကို ရရှိသွားပေသည်။

အင်မော်တယ်တပိုင်းနယ်ပယ်၌ အကြီးမားဆုံး အကြောက်တရားမှာ ဘာဖြစ်မည်နည်း။ ပုံမှန်အားဖြင့် ဝိညာဉ်လမ်းကြောင်းများ သစ်သားဓာတ် ပြောင်းလဲကုန်ခြင်း ဖြစ်သည်။ သစ်သားဓာတ် ပျော်ဝင်ဆေးလုံး ရှိနေသော်လည်း အင်မော်တယ်တပိုင်နယ်ပယ်ထဲမှ ကြာကြာနေနေကြသည့် လူများမှာ ထိုဆေးလုံးများက သစ်သားဓာတ်ကို အပြည့်အဝ ဖယ်ရှားမပေးနိုင်ကြောင်း သိထားကြသည်။ ယခု မိုဝူကျီက သူတို့ဝိညာဉ်လမ်းကြောင်း ကုသပေးမည် အကြောင်း လူသိရှင်ကြား ကတိပေးလိုက်သည်။ ထိုစကားတစ်ခွန်းတည်းဖြင့် မိုဝူကျီက လူထုဆီမှ ထောက်ခံမှုကို ရရှိသွားလေပြီ။

လူသားသစ္စာ Translation Book 4 ( 401 - 500)Dove le storie prendono vita. Scoprilo ora