အခန်း (၄၄၄)

968 159 0
                                    

လူသားသစ္စာ စာစဉ် ၃၂ အပြီးထိ တင်ပေးလိုက်တယ်နော်

အခန်း  (၄၄၄)  :  ထွက်လမ်းအတွက် သတ်ဖြတ်ခြင်း

မိုဝူကျီက ချက်ချင်း ထွက်မသွားသေးပေ။  အင်မော်တယ် ကူးသန်းရေး သင်္ဘောက  ထိုအက်ကွဲကြောင်းထဲ  ဝင်နိုင်လျှင် ထိုနေရာမှာ နောက်တဖန် ပြန်ပွင့်လာမည် ဖြစ်ကြောင်း ယုံကြည်၏။

အမွေးတိုင်တစ်ဝက်စာကြာချိန်ခန့်တွင် မိုဝူကျီက သူ့မှန်းဆချက်မှာ မှန်ကန်ကြောင်း သိလိုက်သည်။ အကြောင်းမှာ အမျိုးမျိုးသော သားရဲများက ဤနေရာဝန်းကျင်၌ လှည့်ပတ်သွားလာနေကြ၍ ဖြစ်သည်။ သူက အများစုကို မမှတ်မိသော်လည်း အနက်ရောင်အုပ်စုလိုက်ကြီးသာ မြင်နေရသည်။ တိမ်မြူပင့်ကူများက အရွယ်အစားမျိုးစုံဖြင့် သောင်းဂဏန်းလောက် ရှိကာ  ယင်မီးတောက် ကင်းခြေများမှာလည်း လက်သန်းလောက်မှ  မီတာ တစ်ရာအရှည်နီးပါး ရှိသည့်အထိ အရွယ်အစားမျိုးစုံ ရှိပေသည်။

ထင်ထားသည့်အတိုင်း သူ မမှတ်မိသည့် သားရဲများစွာလည်း ပါဝင်နေသေးသည်။

ထိုသားရဲများက အင်မော်တယ် ကူးသန်းရေး သင်္ဘော ဝင်သွားသည့် နေရာ၌ စုပြုံနေကြသည်က နောက်တစ်ကြိမ် ပြန်လည်ဖွင့်ရန် စောင့်ဆိုင်းနေဟန် ပေါ်သည်။

မိုဝူကျီက မီးတောက် အကာအရံ အသက်သွင်းလိုက်ပြီး ထိုသားရဲများဆီ ချည်းကပ်သွားလိုက်သည်။ သားရဲမျိုးစုံရှိနေသော်လည်း ထိုသားရဲများမှာ အင်မော်တယ်နယ်မြေထဲသာ ဝင်ချင်နေကြသည် ဖြစ်၍ မိုဝူကျီကို ဂရုမစိုက်ကြပေ။ သူ့ကို တိုက်ခိုက်ရန် ကြိုးစားသည့် သားရဲတချို့ ရှိသော်လည်း  မိုဝူကျီလက်ချက်ဖြင့် သေကြေကုန်ကြသည်။

တစ်ရက်တာ အချိန်ကုန်ဆုံးသွားပြီးနောက် မိုဝူကျီက နေရာတစ်ခုလုံး တုန်ခါလာသည်ကို ခံစားမိလိုက်သည်။ ဤကျယ်ပြောကြီးမားလှသည့် အကာအရံကြီးက အသံများ ထွက်ပေါ်လာပြီး ထိုအကာအရံအတွင်း အက်ကွဲကြောင်း အသေးလေး ပေါ်လာသည်။

သားရဲများနှင့် ပိုးကောင်များ စုပြုံတိုးဝင်သွားသည်ကို မြင်၍ မိုဝူကျီလည် မတုံ့ဆိုင်းနေဘဲ ဝင်လိုက်တော့သည်။ သူ့ကို သားရဲများစွာ ဝန်းရံထားသော်လည်း ထိုအရာမှာ သူ့အတွက် အသက်ရှင်နိုင်မည့် တစ်ခုတည်းသော အခွင့်အလမ်း ဖြစ်၏။ သူက အပြင်ဘက်တွင် ကြာကြာနေလေလေ သေဖို့ရာ အခွင့်အရေး ပိုများလေလေ ဖြစ်သည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Onde histórias criam vida. Descubra agora