လူသားသစ္စာ ၃၅ အပြီးအထိ တင်ပေးလိုက်ပါတယ်နော်
အခန်း (၄၈၆) : မိုဝူကျီ၏ စွမ်းအားစက်ကွင်း
အင်မော်တယ်ဖွေရှာ လှေကားပေါ် တက်ရန် မိုဝူကျီ၏ ၉၈ ၇၁၃ ကြိမ်မြောက် ကြိုးစားမှု၌ ပြင်းထန်သည့် အားတစ်ခုက သက်ရောက်လာပြန်သည်။ သို့သော်လည်း မိုဝူကျီ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားက စိတ်စွမ်းအား ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာစေပြီး ထိုဝဲဂယက်မှာ ပြင်းထန်သည့်အားကို တားဆီးနိုင်စွမ်း ရှိနေသည်။
တစ်နှစ်တာနီးပါး ကြာမြင့်ချိန်တွင် မိုဝူကျီက လွှင့်စင်မသွားတော့ဘဲ ပထမဆုံးအကြိမ်အဖြစ် ပထမလှေကားထစ်ပေါ် ခြေချနိုင်ခဲ့သည်။
မိုဝူကျီက ဒုတိယလှေကားထစ်သို့ တန်းမတက်သေးပေ။ ထို့အစား သူ့စိတ်စွမ်းအား ဝဲဂယက်ကိုသာ ချင့်ချိန်စဉ်းစားကြည့်နေမိသည်။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ ဖြစ်ပေါ်လာသော ဝဲဂယက်က ကောင်းကင်အင်မော်တယ် စွမ်းအားစက်ကွင်းနှင့် တူပေ၏။ သူ နေနေဖို့ရာ အန္တရာယ်ကင်းသည့် နေရာတစ်ခု ဖန်တီးပေးလေသည်။
မိုဝူကျီက မနီးမဝေးမှ အနက်ရောင် ဝဲဂယက်ကို ကြည့်လိုက်မိပြီး သူက ထိုဝဲဂယက်မှ တဆင့် ဉာဏ်အလင်းပွင့်လာခြင်း ဖြစ်ပေသည်။ ထိုစိတ်စွမ်းအား ဝဲဂယက်ပေါ်လာခြင်းမှာ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကြောင့်လည်း ဖြစ်ပေ၏။
အချိန်တချို့အကြာတွင် မိုဝူကျီက ခြေထောက်ကို ဖြည်းဖြည်းမြှောက်ရင်း ဒုတိယလှေကားထစ်ပေါ် တက်ရန် ပြင်လိုက်သည်။ သူ့စိတ်စွမ်းအား ဝဲဂယက်မှာ ကောင်းကင်အင်မော်တယ် စွမ်းအားစက်ကွင်းနှင့် တူပြီး သူ့အတွက် ဘေးကင်းသော နေရာကို ပြုလုပ်ပေးသည်။ ဖြစ်နိုင်သည်က သူ့အနာဂတ်စွမ်းအား စက်ကွင်း၏ အခြေတည်ပုံစံသာ ဖြစ်လိမ့်မည်။ သို့မဟုတ် ဤစိတ်စွမ်းအားမှာ အမှန်တကယ် လက်ဆုပ်လက်ကိုင် ပြနိုင်သည့် စွမ်းအားစက်ကွင်း တစ်ခု ဖြစ်လာလျှင် သာမာန် ကျင့်ကြံသူထက် သေချာပေါက် အားကောင်းပေလိမ့်မည်။
မိုဝူကျီက ဒုတိယလှေကားထစ်ကို တက်လိုက်တော့သည်။
ပို၍ ပြင်းထန်သည့် အားက သက်ရောက်လာပြန်သည်။ မိုဝူကျီက နှစ်ခါပြန်မတွေးတော့ဘဲ သူ့အသိစိတ်ပင်လယ်အတွင်းမှ စိတ်စွမ်းအား အားလုံးကို နှိုးဆွလိုက်ပြီး စိတ်စွမ်းအား ဝဲဂယက်များ တစ်ခုပြီး တစ်ခု ပြုလုပ်လိုက်သည်။
ESTÁS LEYENDO
လူသားသစ္စာ Translation Book 4 ( 401 - 500)
Fantasíasequence of Book 3 ~~~ All credits given to original author