အခန်း (၄၉၀)

915 150 2
                                    

လူသားသစ္စာ ၃၆

အခန်း   (၄၉၀)  :  အသက်မဲ့မြစ်အတွင်း  ကြိုတင်ခန့်မှန်းမရနိုင်သည့် အခြေအနေ

ဆေးလုံးဖော်စပ်နည်းများ ရရှိပြီးနောက် မိုဝူကျီက အတော်လေး စိတ်အေးလက်အေး ဖြစ်သွားသည်။ ထို့အပြင် ပီခန်းကို သတ်လိုက်ခြင်းမှာ  အင်မော်တယ်လောက ယုံရင်အစွန်းအဖျားကို ထိန်းချုပ်နေသည့် အမှန်တရားမှာ ပြောင်းလဲမသွားပေ။ သူက ယုံရင်အစွန်းအဖျားနေရာ၌ အမြဲမနေနိုင်ပေ။ အကယ်၍ သူက ယုံရင်အစွန်းအဖျားနေရာကို အမှန်တကယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရလိုပါက  သူက အင်မော်တယ်လောကအတွင်း အာဏာကို မဖြစ်မနေ လုရမည် ဖြစ်၏။  သို့သော်လည်း ထိုအရာများမှာ မိုဝူကျီအတွက် စိတ်ကူးသပ်သပ်သာ ရှိနေသေးသည်။

မိုဝူကျီက ထိုအတွေးဖြင့် သလင်းကျောက်ကို ဆွဲယူကာ ပြောလိုက်သည်  “ ခင်ဗျားတို့ အခြေအနေသုံးရပ်လုံး  အဆင်ပြေတယ် ”

“ တာအိုရောင်းရင်းမိုကို ကျေးဇူးတင်ပါတယ်။ တကယ်လို့  တာအိုရောင်းရင်းမိုက ကျုပ်ရဲ့ ယင်ပြန့်မြို့ဆီ  နောက်တစ်ခေါက်  ရောက်လာရင်  ဂုဏ်ကျက်သရေရှိ ဧည့်သည်တော်အဖြစ် အမြဲကြိုဆိုပါ့မယ် ”

ပီခန်းက မိုဝူကျီ စကားများကြားသောအခါ အစုံလိုက်အပြုံလိုက် အသတ်ခံရမည့်   ဤကပ်ဘေးမှ ဖြတ်ကျော်နိင်သွားပြီ ဖြစ်ကြောင်း သိလိုက်သည်။

မိုဝူကျီက ပီခန်း စကားများကို စိတ်ထဲ မထားဘဲ ဟုန်ကျူဘက် လှည့်ကာ

“ ဟုန်ကျူ ..... ခင်ဗျားက ယင်ပြန့်မြို့မှာ နေလာတာ အကြာဆုံးဆိုတော့ မေးခွန်းနည်းနည်းလောက် မေးကြည့်ချင်တယ် ”

ဟုန်ကျူက မြန်မြန် ပြောလိုက်သည်  “ တာအိုရောင်းရင်းမို ... ကြိုက်တာ မေးပါ။ ဟုန်ကျူက အကောင်းဆုံး ဖြေပေးပါ့မယ် ”

ကျင်းရှန်းအဆင့် ဖြစ်သည့် ဟုန်ကျူက  ကောင်းကင်အင်မော်တယ်ဖြစ်သည့် မိုဝူကျီကို လေးလေးစားစား  ဆက်ဆံနေရသည်။ သို့သော်လည်း ပီခန်းနှင့် ဟူမင်တို့က သူ့အပေါ် မကျေမနပ် မရှိကြပေ။ မိုဝူကျီက သူ့အား အလွယ်တကူ သတ်ပစ်နိုင်သည့်အတွက်  လေးလေးစားစား မဆက်ဆံမိလျှင် သေခြင်းတရားနှင့် တွေ့ဆုံသွားနိုင်လေ၏။

လူသားသစ္စာ Translation Book 4 ( 401 - 500)Onde histórias criam vida. Descubra agora