အခန်း (၄၉၁)

908 145 2
                                    

လူသားသစ္စာ  ၃၆

အခန်း (၄၉၁)  :       အသက်မဲ့မြစ် မှ ဘူးသီးခွံ့ခြောက်

“စီနီယာမို ....”  ပျံသန်းရေး ရတနာပေါ်မှ ဆင်းလာကြသော တချို့က မိုဝူကျီကို ချက်ချင်း မှတ်မိ၍ လာနှုတ်ဆက်ကြသည်။

မိုဝူကျီက ယုံရင်အစွန်းအဖျားနေရာ၌ ပြိုင်ဖက်ကင်း လူ ဖြစ်ပြီး အလိုရှိ ဖမ်းဝရမ်းထဲ ပါသော်လည်း ယင်ပြန့်မြို့မှ မဖမ်းဆီးနိုင်သောသူ ဖြစ်၏။ အင်မော်တယ်လောကမှ  ယုံရင်အစွန်းအဖျားဆီ ကူးသန်းရေးအစီအရင် ထပ်မံဆောက်လုပ်လျှင်ပင် အင်မော်တယ်လောက က မိုဝူကျီကို မဖမ်းဆီးရဲတော့ပေ။ မည်သူက ထိုသို့မျိုး  လူမျိုးကို အဘယ်ကြောင့်  မလေးမစား ပြုမူရဲမည်နည်း။

မိုဝူကျီက အသိမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြကာ စုံစမ်းကြည့်လိုက်သည် 

“ ဒီအသက်မဲ့မြစ်ရဲ့ဇစ်မြစ်အကြောင်း တစ်ယောက်ယောက်များ သိတဲ့လူ ရှိလား  ”

ဆံဖြူ ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူက ပြောလိုက်သည်

“ အသက်မဲ့မြစ်ရဲ့မူလဇစ်မြစ်က မြစ်အတွင်းမှာ နေတဲ့ ဝိညာဉ်သားရဲတွေကို ကာကွယ်ဖို့ အသက်မဲ့ တာအိုဂိုဏ်းက အစပြုလာတာပဲ။

နောက်ပိုင်းကျ အသက်မဲ့တာအိုဂိုဏ်းမှာ ရတနာ ရလာတော့ နယ်မြေကြီး  ဆယ်ခုလုံးမှာ တိုက်ပွဲတွေ ဖြစ်လာကြတယ်။ တိုက်ပွဲကြီးပြီးဆုံးသွားတဲ့နောက်ကျ  အသက်မဲ့ တာအိုဂိုဏ်းက အပိုင်းပိုင်း အစစ ဖြစ်သွားပြီးတော့ ဒီအသက်မဲ့မြစ်တစ်ခုပဲ ကျန်တော့တာတဲ့  ...

ကောလဟာလတွေကတော့  ယုံရင်အစွန်းအဖျားမှာ ရှိနေတဲ့ အသက်မဲ့မြစ်က အသက်မဲ့မြစ်တစ်ခုလုံးရဲ့ အစိတ်အပိုင်း သေးသေးလေးပဲ ရှိသေးတာတဲ့။ အင်မော်တယ်လောကမှာ နောက်တပိုင်း ကျန်ရှိနေသေးတယ် ”

မိုဝူကျီက အံ့ဩသွားပြီး နောက်တစ်ကြိမ် ထပ်မေးလိုက်သည်

“ အဲဆို အင်မော်တယ်လောကမှာ အင်မော်တယ်နယ်မြေ ဆယ်ခု ရှိတာလား ”

ဆံဖြူ ကျင့်ကြံသူက ပြန်ဖြေလိုက်သည်

“ အစပိုင်းတုန်းက နယ်မြေ ဆယ်ခု ရှိခဲ့တာပဲ။ အခုတော့  ၇ ခုပဲ ကျန်ရှိတော့တယ်။ အရင်တုန်းက အသက်မဲ့ တာအိုဂိုဏ်း ပျက်စီးသွားတဲ့နောက်မှာ  နယ်မြေ ဆယ်ခုလုံးကို တိုက်ပွဲဖြစ်စေတဲ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Onde histórias criam vida. Descubra agora